ပိုက်ဆံအိတ်လုပြေးသူ ၂ ဦးကို ပိုင်ရှင်အမျိုးသမီးကဆိုင်ကယ်နဲ့ပြန်တိုက်ကာဖမ်းဆီး

ကလေးမြို့၊ ဆိပ်ကမ်းသာဈေးနားမှာ ဆေးခန်းပြပြီးပြန်လာစဉ် အမျိုးသား ၂ ဦးက ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်လုပြေးတာကြောင့် ပိုင်ရှင်အမျိုးသမီးက အနောက်ကနေဆိုင်ကယ်ဖြင့်တိုက်တာကြောင့် ပတ်ဝန်းကျင်ရဲ့အကူအညီဖြင့် ၂ ဦးစလုံးဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ပင်လုံလမ်းမကြီးပေး အမျိုးသမီးနဲ့ အသက် ၆၀ ကျော်အမျိုးသမီးတို့ ဆိုင်ကယ်အတူစီးနေစဉ် အမျိုးသား ၂ ဦးကအနောက်ကနေ ကပ်လိုက်လာပြီး ဆိုင်ကယ်နောက်မှာထိုင်းတဲ့ အဘွားရဲ့ ဆွဲကြိုးနဲ့ပိုက်ဆံအိတ်ကိုလုယူကာ ထွက်ပြေးသွားကြပါတယ်။

315573666_439297238353650_3503397203235753540_n

ပြီးနောက် လုယက်ခံရတဲ့ အမျိုးသမီးတစ်ဦးက အဆိုပါအမျိုးသား ၂ ဦးရဲ့နောက်ကို ဆိုင်ကယ်နဲ့အမှီလိုက်ကာ အနောက်ကနေတိုက်တာကြောင့် ဆိုင်ကယ် ၂ စီးလုံးလဲကျကာ အမျိုးသမီးက ပတ်ဝန်းကျင်သို့အကူအညီတောင်းပြီးရပ်ကွက်နေပြည်သူများက အမျိုးသား ၂ ဦးကို ဝိုင်းဝန်းဖမ်းဆီးကြတယ်လို့သိရတယ်။

Zalen ad

၎င်းအမျိုးသား ၂ ဦးဟာ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်နေသူတွေလို့သိရတယ်။ ဆိုင်ကယ်နဲ့ တိုက်ဖမ်းခဲ့တဲ့ အမျိုးသမီးက ဆိုင်ကယ်လဲတဲ့ဒဏ်ကြောင့် ခြေထောက်မှာ ဒဏ်ရာများရရှိသွားပြီး ဆေးဝါးကုသဖို့ စီစဉ်နေပါတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်