တမူးမြို့ သုသာန် ဇရပ်နှင့် မီးသဂြိုလ်ဖို အဆောက်အအုံ ခိုးယူခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မရပ်ကွက် နန်းဖာလုံတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က နာရေးလိုက်ပို့ပြီး သုသာန်ရောက်မှ ဇရပ်နှင့် မီးသဂြိုလ်ဖိုအဆောက်အအုံခိုးယူခံရတာသိရှိကြောင်းသတင်းရရှိပါသည်။

နာရေးကို ၂ နာရီခန့်မှာလိုက်ပိုကြတာပါ သုသာန်ရောက်တော့ ဇရပ်လည်းမရှိ ၊ မီးသဂြိုစက်လည်းမရှိတော့ အဆင်မပြေလို့ တမူးသုသာန်သို့ပို့ဆောင်ရလိုက်ရသည်ဟု ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ တမူးမြို့တွင်း သုသာန်များတွင် ဇရပ်စောင့်ရှိကြပေမယ့် မြို့ပြင်ဘက်ကျသည့် နန်းဖာလုံရပ်ကွက် သုသာန်တွင်မူ ဇရပ်စောင့်လည်းမရှိကြောင်းသိရသည်။

တမူးဒေသခံတစ်ဦးက “ဒီကိစ္စက တခြားသူမဖြစ်နိုင်ပါဘူး။ ဒီမှာကဆေးသမားတွေအရမ်းပေါတယ်။ လေးဆေးသမားတွေရဲ့လက်ချက်ပါပဲ။ ခေတ်ကပျက်တော့ ဆေးသမားတွေက ခိုးခြင်တိုင်းခိုး နေကြတာ။ လုံခြုံရေးအပိုင်းကလည်းတော်တော်အားနည်းလာတယ်။ ကိုယ့်အိမ်တောင်မနည်းကာကွယ်နေရတာဗျ” ဟု ပြောသည်။

တမူးမြို့ နန်းဖာလုံဆိုတာ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နဲ့ထိစပ်နေတဲ့ ရပ်ကွက်ဖြစ်ပြီး နန်းဖာလုံကျွန်းပင်တောဆိုတာလည် ဆေးသမားများ အမျာအားဖြင့်အခြေချနေတဲ့နေရာလည်းဖြစ်ပြီး နန်ဖာလုံနှင့်တမူးမြို့ပေါ်တွင်မကြာခဏ ဆိုင်ကယ်များ နေအိမ်ဖောက်ထွင်းမူများကြုံနေရလျက်ရှိသည်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်