ဟားခါး၊ ဖလမ်းမြို့တွင် ဖုန်း၊ အင်တာနက်သုံးမရတာ ရက် ၂၀ ကြာပြီ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွင် ဧပြီလ ၁၆ ရက်ကနေ ယနေ့ မေ ၄ ရက်အထိ ဖုန်း၊ အင်တာနက်အသုံးပြုလို့မရကြောင်းသတင်းရရှိပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ဟားခါးမြို့မှာ ATOM နဲ့ Oredoo ဖုန်းလိုင်းပြတ်တာ ရက်၂၀လောက်ရှိပြီ။ စစ်ခွေးတွေပိတ်ခိုင်းတာလား ဒါမှမဟုတ် ကလေးမြို့နဲ့ ဟားခါးကြားမှာ ဖိုက်ဘာကြိုးပြတ်တာလား လုံးဝမသိရဘူး။ ဟားခါးမှာ MPT တစ်ခုပဲရတယ်။ ည ၁၂ နာရီလောက်မှာပဲ ဒေတာအင်တာနက်က လိုင်းနည်းနည်းလေးကောင်းတယ်။ အဓိကကတော့ သတင်းတွေအချိန်နဲ့တပြည်းညီမသိရဘူး။ ဥပမာ စစ်ကောင်စီ ဂျက် လေယာဥ်တွေလာတယ်။ ဟားခါးမြို့နီးနားမှာတိုက်ပွဲတွေဖြစ်တယ်ဆိုရင်လည်း သတင်းတွေလုံးဝပို့လို့မရဘူး။ အကြံကုန် SMS packဝယ်ပြီးတော့ သတင်းတွေပို့ကြရတာ။ ရိုးရိုးဖုန်းခေါ်ရင်လည်း တစ်ဖက်ကအသံမကြားရဘူး။

ကိုယ်ပိုင် ခက်ခဲကတော့ Online class တွေတက်လို့မရဘူး ဒါအကြီးဆုံးပြသနာပဲ ရက်၂၀ရှိပြီ မတက်နိုင်တာ။ ပြီးခဲ့တဲ့ မတ်လ ကလည်း ATOM နဲ့ Oredoo က ၁၇ရက်လောက်ပြတ်သေးတယ်” လို့ပြောပါတယ်။

ဟားခါးမြို့ဟာ ချင်းပြည်နယ်အစိုးရရုံးစိုက်ရာမြို့ဖြစ်သလို ချင်းပြည်နယ်မှာ ဟားခါးမြို့တစ်မြို့တည်းသာ စစ်ကောင်စီက အင်တာနက်လိုင်းဖွင့်ထားတဲ့ မြို့ဖြစ်ပါတယ်။

Zalen ad

ဖိုက်ဘာကြိုးပြတ်လို့ ဖုန်းနဲ့ အင်တာနက်လိုင်းမရတာလို့ကြားရပေမယ့် သတင်းအတည်ပြုလို့မရသေးပါ။

ဖလမ်းမြို့ခံတစ်ဦးက “မနက်ပိုင်း ၇ နာရီမထိုးခင်ထိ Signal အပြည့်တက်တယ်။ ဒါပေမယ့် စကားပြောတဲ့ချိန်မှာ တဖက်လူရဲ့အသံ ကောင်းကောင်းမကြားနိုင်ဘူး။ အရင်ကသုံးကြတဲ့ CDMA ဖုန်းတွေကောင်းတယ်လို့တော့ကြားတယ်။ အင်တာနက်လိုင်းကတော့ လုံးဝသုံးလို့မရဘူး” လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ မြို့ပေါ်ရှိ ဖုန်းတာဝါတိုင်တွေသာ လိုင်းဖွင့်ပေးပြီး ကျေးရွာဘက်က ဖုန်းတာဝါတိုင်များကိုတော့ လိုင်းပိတ်ထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ မြို့ပေါ်မှာလည်း လိုင်းမရတော့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်