ရခိုင်မှာ စစ်ကောင်စီ ထောက်ပံ့ကူညီမူလုပ်ဆောင်ရာတွင် လူနည်းစုတွေကို ချန်ထား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ မြို၊ ခမီတိုင်းရင်းသားကျေးရွာများတွင် မိုခါမုန်တိုင်းကြောင့် စာနပ်ရိက္ခာများ အရေးပေါ်အကူညီ လိုအပ်မူကို စစ်ကောင်စီက ယနေ့အချိန်ထိ ကူညီ ဆောင်ရွက်ပေးမူ မရှိသေးဟု သိရှိရသည်။

ဆက်သွယ်ရေးခက်ခဲပြီး ကူညီကယ်ဆယ်ရေးမရရှိသည့် လေဝေရွာ၊သလူကျွန်းရွာ၊ လက်ပံကိုင်းရွာ၊ အင်းချောင်းဝရွာ၊ အောင်ချမ်း‌ေမြရွာ၊ ခါလာဦးရွာ၊ သလူဖြာရွာ၊ ကုံးမောင်လေးနှင့်မင်းကိုင်ကျေးရွာရှိ မြိုတိုင်းရင်းသားတို့သည် ယနေ့အချိန် ပြည်တွင်း၊ ပြည်ပ ပရဟိတအဖွဲ့စည်းနှင့် စစ်ကောင်စီလက်အောက်ခံ ကယ်ဆယ်ရေးအကူညီများ မရရှိသေးဟု မြိုပညာတိုးတက်မြင့်မားရေးအသင်း ဦးကျော်ထွီးထံမှ သိရှိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းစန်းကားကျေးရွာရှိ ခမီတိုင်းရင်းသားတို့သည် မိုခါမုန်းတိုင်ကာလပြီး စားနပ်ရိက္ခာအပြင် နေရာစရာ အမိုးအကာ၊ မြေခင်းများ မရောက်ရှိသေးဟု သိရှိရသည်။

၎င်းကျေးရွာရှိ ကလေးငယ်များသည် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးငယ်များ၊ ဝမ်းပျက်၊ဝမ်းလျော် ဖြစ်ကာ အရေးပေါ် ဆေးကုသမူ လိုအပ်ကြောင့် သိရှိရသည်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်