ချင်းပြည်နယ် မြို့(၃)မြို့မှာ မိုးလုံလေလုံအားကစားကွင်းတည်ဆောက်မယ်

ချင်းပြည်နယ် ကန်ပက်လက်၊ ထန်တလန် နဲ့ တီးတိန်မြို့တွေမှာ မိုးလုံလေလုံအားကစားတည်ဆောက်မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ(၇)ရက်မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာပြောပါတယ်။

ကန်ပက်လက်ဘောလုံးကွင်း ပွဲကြည့်စင်(ဓာတ်ပုံ-Zung Len Cer)

ဒေါက်တာမြင့်ထွေးက “ကန်ပက်လက်နဲ့ ထန်တလန်မှာ မိုးလုံလေလုံအားကစားကွင်း ကျပ်သန်း (၂၅၀)စီနဲ့ စုစုပေါင်း ကျပ်သန်း(၅၀၀) ဖြင့် ၂၀၁၈-၂၀၁၉ ပြည်ထောင်စုဘတ်ဂျက်မှာတင်ထားတယ်။ ရဖို့အခြေအနေလည်းရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီးသွားရင်ရပါတယ်။ နောက် တီးတိန်မြို့မှာ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ မိုးလုံလေလုံအားကစားကွင်းအတွက် ကျပ်သန်း (၂၅၀)နဲ့ ပွဲကြည့်စင် ကျပ်သန်း(၈၀)တည်ဆောက်ဖို့ထားတင်ပြသွားမယ်”လို့ဆိုပါတယ်။

Zalen ad

ယင်းအားကစားကွင်းတွေဟာ ပေ ၁၂၀x၉၀ အကျယ်အဝန်းရှိပြီး အမြင့် (၃၅)ပေနဲ့ တည်ဆောက်မှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

မြန်မာအတွက် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ဆက်လက်ရပ်တည်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ်ပြော

ဇွန် ၁၊ ၂၀၂၆Zalen အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ...

ဆက်ဖတ်ရန်