ချင်းပြည်နယ်မှာ ပထမအကြိမ် အလုပ်အကိုင်ပြပွဲကျင်းပ

ချင်းပြည်နယ်မှာ ပထမအကြိမ် အလုပ်အကိုင်ပြပွဲမှာ အလုပ်အကိုင် တစ်ထောင်ကျော်ခေါ်ယူမယ်လို့ ဦးဆောင်ကျင်းပတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ဟားခါးတာဝန်ရှိသူတစ်ဦးထံကသိရတယ်။

အလုပ်အကိုင်ပြပွဲမစတင်မှီ ကြိုတင်ပြင်ဆင်ထားတဲ့ မြင်ကွင်း(ဓာတ်ပုံ- အောင်မြင်မှု)

ဒီပြပွဲကို ယနေ့ နံနက်(၉)နာရီကနေ ညနေ(၅)နာရီထိ ဟားခါးမြို့ ကာဆင်ခန်းမမှာကျင်းပပြီး ချင်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)တို့က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

Zalen ad

အလုပ်အကိုင်ပြပွဲမှာ ရန်ကုန်၊ မန္တလေး၊ ကလေးနဲ့ ဒေသခံ ကုမ္မဏီ(၂၀)ကျော်နဲ့ အစိုးရဌာနတွေက အလုပ်အကိုင်လာရောက်ပြသကြပါတယ်။

အခုလို အလုပ်အကိုင်ပြပွဲကို ဒီနှစ် ဒီဇင်ဘာလမှာ ဖလမ်းမြို့တွင်လည်းကျင်းပဖို့ စီစဉ်ထားပါတယ်။

 

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်