ACDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် ပူးပေါင်းဟု စစ်ကောင်စီ ဝါဒဖြန့်

ဧပြီ ၂၄၊ ၂၀၂၆

အရှို (ချင်း) ကာကွယ်ရေးတပ် (ACDF) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် ပူးပေါင်းတယ်လို့ စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၄ ရက်နေ့မှာ ဝါဒဖြန့်ပါတယ်။

အဲဒီပူးပေါင်းလာသူတွေကို မိဘအုပ်ထိန်းသူထံ ပြန်အပ်နှံတဲ့ အခမ်းအနားကို ဒီနေ့ နံနက်ပိုင်းက မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Zalen ad

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများအပြင် စစ်ဌာနချုပ်မှ အရာရှိကြီးတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ ပူးပေါင်းတဲ့ထဲမှာ အမျိုးသား ၄၇၀ ဦးနဲ့ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၅၁၇ ဦး ပါဝင်တယ်လို့ သိရတယ်။

အခုပူးပေါင်းလာတဲ့အဖွဲ့ထဲမှာ ACDF၊ MDY PDF၊ TNLA၊ PLA၊ AA၊ ABSDF၊ KIA အပါအဝင် အဖွဲ့ ၅၀ နီးပါးမှ ပူးပေါင်းလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပူးပေါင်းလာသူတွေထံမှ လက်နက် ၂၂ ခု၊ ဒရုန်း ဗုံး ၁၄လုံး၊ လက်လုပ်လက်နက် ၉ ခု၊ ရှော့တိုက်ဒုံး ၄ ခု၊ ဗုံးသီး ၂၂ လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၆ ဦး ပူးပေါင်းလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်