CDF CDM Siyin နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းရွာကြားမှာ CDF CDM Siyin နဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားကြတယ်လို့ CDF CDM Siyin ကသတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၃ ရက် မနက် ၈ နာရီတွင် ကလေး-သိုင်းငင်းကြားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားပြည်သူတွေထံ ငွေကောက်ခံဖို့ စခန်းတွင်းမှထွက်လာစဉ် ဆယ်ပေအကွာအဝေးကနေ CDF CDM Siyin မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၃ ဦး အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်လို့ထုတ်ပြန်ထားပါတယ်။

နောက်မှ ဆင်းလာသောအဖွဲ့ နဲ့ CDF CDM Siyin ရဲဘော်များ ဆယ်မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

ထို့နောက် သိုင်းငင်းစစ်ကောင်စီ ကင်းစခန်းသို့ စစ်ကူ တက်လာမယ့် စစ်ကောင်စီများကို CDF CDM Siyin ရဲဘော်များ စောင့်နေစဉ် အောက်တိုဘာ ၁၄ ရက် နံနက် ၄:၄၈ မိနစ် တွင် စစ်ကောင်စီ ကား သုံးစီး တက်လာရာ တီးတိန်မြို့နယ်၊ ဟိန်ဇင်ရွာ နဲ့ ကော်ဖီခြံ ကြား ရှိ မြေနီကုန်း (Leisan mual) တွင် CDF CDM-Siyin ရဲဘော်များမှ ချောင်ပိတ်ကာ ၈ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရတယ်။

Zalen ad

ယင်းတိုက်ပွဲတွင် CDF CDM Siyin တပ်ဖွဲ့ဝင်အားလုံး ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်