CDF-Mindat က စစ်ကောင်စီယာဉ်တန်းကိုပဒေသာမိုင်း ၂ကြိမ်တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီကြား ကားလမ်းမိုင်တိုင် ၁၄ တွင် ယမန်နေ့ မေ ၁၂ ရက် ညနေ ၄ နာရီတွင် CDF-Mindat နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားကြောင်းသတင်းရရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို CDF-Mindat တပ်ဖွဲ့က ပဒေသာမိုင်း ၂ ကြိမ်ဆွဲပြီး တူမီးမောင်းပြန်သေနတ်တိုက်ဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတဝိုက်မှာ ဖုန်းလိုင်းလည်းပြတ်တောက်ထားကြောင်းသတင်းရရှိပါတယ်။

စစ်ကောင်စီယာဉ် ၆၀ ကျော်နဲ့ သံချပ်ကာ ၂ စီးဟာ မေ ၂ ရက်ကစပြီး မတူပီမြို့ကနေ မင်းတပ်ဘက်ကိုထွက်ခွာလာကြပါတယ်။

Zawgyi

CDF-Mindat က စစ္ေကာင္စီယာဥ္တန္းကိုပေဒသာမိုင္း ၂ၾကိမ္တိုက္ခိုက္ရာ ၁၀ဦးထက္မနည္းေသဆုံး

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ မင္းတပ္-မတူပီၾကား ကားလမ္းမိုင္တိုင္ ၁၄ တြင္ ယမန္ေန႔ ေမ ၁၂ ရက္ ညေန ၄ နာရီတြင္ CDF-Mindat နဲ႔ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔တိုက္ပြဲျပင္းထန္ျဖစ္ပြားေၾကာင္းသတင္းရရွိပါတယ္။

အာဏာသိမ္းစစ္ေကာင္စီယာဥ္တန္းကို CDF-Mindat တပ္ဖြဲ႕က ပေဒသာမိုင္း ၂ ၾကိမ္ဆြဲၿပီး တူမီးေမာင္းျပန္ေသနတ္တိုက္ျဖင့္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၁၀ ဦးထက္မနည္းေသဆုံးတယ္လို႔ သတင္းရရွိပါတယ္။

တိုက္ပြဲျဖစ္ပြားတဲ့ေနရာတဝိုက္မွာ ဖုန္းလိုင္းလည္းျပတ္ေတာက္ထားေၾကာင္းသတင္းရရွိပါတယ္။

စစ္ေကာင္စီယာဥ္ ၆၀ ေက်ာ္နဲ႔ သံခ်ပ္ကာ ၂ စီးဟာ ေမ ၂ ရက္ကစၿပီး မတူပီၿမိဳ႕ကေန မင္းတပ္ဘက္ကိုထြက္ခြာလာၾကပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်