Chinland Herald အယ်ဒီတာချုပ် ဆလိုင်းငယ်ပီးကို စစ်တပ်က တရားစွဲဆို

ဖလမ်းမြို့အခြေစိုက် ဒေသန္တရ နေ့စဉ်သတင်းစာဖြစ်တဲ့ Chinland Herald အယ်ဒီတာချုပ် ဆလိုင်းငယ်ပီးကို တပ်ရင်းမှူး အောင်မျိုးထွဋ်က စစ်တပ်ကို ပုံရိပ်ကျဆင်းစေမှုနဲ့ တရားစွဲဆိုထားတယ်လို့သတင်းရရှိပါတယ်။

ဆလိုင်းငယ်ပီးက “ဒီနေ့ ပထမအကြိမ် ရုံးချိန်းသွားခဲ့တယ်။ ဘာလို့တရားစွဲတာလဲဆိုရင် ကျနော်တို့သတင်းစာမှာ အရင်က ဖော်ပြခဲ့တဲ့ သတင်းကြောင့်ပါ။ သတင်းက ဖလမ်းမြို့ထဲရေပေးဝေတဲ့ ရေပိုက်ပျက်တဲ့သတင်းကိုရေးတော့ အောက်မှာ လူငယ်တစ်ယောက်ရဲ့ပြောစကားကိုထည့်ရေးတယ်။ အဲ့ဒီလူငယ် သူတို့(စစ်တပ်)က ဖျက်ဆီးပြီးတော့ ပြည်သူတွေလုပ်သယောင်ပုံမှားရိုက်တာလည်းဖြစ်နိုင်တယ်လို့ပြောတာကို သူတို့မကြိုက်လို့တရားစွဲတာ” လို့ပြောပါတယ်။

ဆလိုင်းငယ်ပီးဟာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့သူလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်