PDF အယောင်ဆောင်ပြီး ဈေးသည်အမျိုးသမီး ၂ဦးကိုဓားပြတိုက်

တမူးမြို့နယ် အထက်ပိုင်း အောင်ဇေယျလမ်း ချောင်းနက်ကြီးနှင့် ကွန်းတောင်းရွာသစ် ကြားတွင် သြဂုတ် ၁၇ ရက်နေ့လယ် ၁၂ နာရီခန့်တွင် ဈေးသည်အမျိုးသမီးနှစ်ဦးဓါပြတိုက်ခံရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ တမူးမြို့ကနေ အထက်ပိုင်းကျေးရွာများသို့လှည့်လည်ဈေးရောင်းလာသည့်အမျိုးသမီးနှစ်ဦးသည် မင်းသာကျေးရွာမှအပြန် ကွန်းတောင်းရွာသစ်အလွန် ချောင်းနက်ကြီးနှင့်ကွန်းတောင်းရွာသစ်ကြားတွင် ပျောက်ကြားဝတ်စုံဖြင့်လူတစ်ယောက်ထွက်လာပြီး ဓါးမြှောင်ဖြင့်ထောက်ကာ ဈေးသည်အမျိုးသမီးနှစ်ဦးထံ ငွေညစ်တောင်းယူသွားသွားသည်ဟုဒေသခံတစ်ဦးပြောပြပါသည်။

ဒေသခံတစ်ဦးက “ဈေးသည်အမျိုးသမီးနှစ်ဦးဈေးရောင်းအပြန်ဆိုတော့ငွေနည်းစီပါတာပေါ့။ တစ်ယောက်ကို ၄၀၀၀၀ စီပါသွားတာ ပေါင်း ၈၀၀၀၀ပေါ့။ တကယ်တော့သူကတစ်ယောက်ထဲမဟုတ်ဘူး။ အနောက်မြောင်းထဲမှာတစ်ယောက်ရပ်နေတယ်။ သူတို့နှစ်ယောက် PDF အယောင်ဆောင်ပြီးတိုက်တာ။ သူက PDF မဟုတ်ဘူး။ ဆရာစံကျေးရွားသားပါ။ သူ့နာမည်က ချစ်ရင်နမ်း လို့လူသိများတဲ့သူပါ တစ်ယောက်ကတော့မသိဘူး”လို့ဒေသခံတစ်ဦးကပြောပြပါသည်။

 

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကလေး-တမူးလမ်းပိုင်းရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်ပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်  ၁၀၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်ရှိ ကနန်ကျေးရွာကို ဆက်လက်တိုက်ခိုက်နေပြီး လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသသတင်းအရင်းအမြစ်များထံက သိရပါတယ်။ ဇူလိုင်လ ၉ရက်နေ့မနက်ကစပြီး ကနန်ကျေးရွာနဲ့ ကမ္မကြီး အနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေး အင်အားစုများကြား ...

ဆက်ဖတ်ရန်