PDF အယောင်ဆောင်ပြီး ဈေးသည်အမျိုးသမီး ၂ဦးကိုဓားပြတိုက်

တမူးမြို့နယ် အထက်ပိုင်း အောင်ဇေယျလမ်း ချောင်းနက်ကြီးနှင့် ကွန်းတောင်းရွာသစ် ကြားတွင် သြဂုတ် ၁၇ ရက်နေ့လယ် ၁၂ နာရီခန့်တွင် ဈေးသည်အမျိုးသမီးနှစ်ဦးဓါပြတိုက်ခံရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ တမူးမြို့ကနေ အထက်ပိုင်းကျေးရွာများသို့လှည့်လည်ဈေးရောင်းလာသည့်အမျိုးသမီးနှစ်ဦးသည် မင်းသာကျေးရွာမှအပြန် ကွန်းတောင်းရွာသစ်အလွန် ချောင်းနက်ကြီးနှင့်ကွန်းတောင်းရွာသစ်ကြားတွင် ပျောက်ကြားဝတ်စုံဖြင့်လူတစ်ယောက်ထွက်လာပြီး ဓါးမြှောင်ဖြင့်ထောက်ကာ ဈေးသည်အမျိုးသမီးနှစ်ဦးထံ ငွေညစ်တောင်းယူသွားသွားသည်ဟုဒေသခံတစ်ဦးပြောပြပါသည်။

ဒေသခံတစ်ဦးက “ဈေးသည်အမျိုးသမီးနှစ်ဦးဈေးရောင်းအပြန်ဆိုတော့ငွေနည်းစီပါတာပေါ့။ တစ်ယောက်ကို ၄၀၀၀၀ စီပါသွားတာ ပေါင်း ၈၀၀၀၀ပေါ့။ တကယ်တော့သူကတစ်ယောက်ထဲမဟုတ်ဘူး။ အနောက်မြောင်းထဲမှာတစ်ယောက်ရပ်နေတယ်။ သူတို့နှစ်ယောက် PDF အယောင်ဆောင်ပြီးတိုက်တာ။ သူက PDF မဟုတ်ဘူး။ ဆရာစံကျေးရွားသားပါ။ သူ့နာမည်က ချစ်ရင်နမ်း လို့လူသိများတဲ့သူပါ တစ်ယောက်ကတော့မသိဘူး”လို့ဒေသခံတစ်ဦးကပြောပြပါသည်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်