ZRA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး ချေမှုန်းဖို့စီစဉ်နေစဉ် CNA ပူးပေါင်းတပ်က လက်ဦးမှုယူလိုက်တာလို့ဆို

ဒီဇင်ဘာ ၁၇ ရက် မနက် ၃ နာရီလောက်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Ngawsing ရွာနားမှာ CNA နဲ့ CDF-Hualngo ပူးပေါင်းတပ်ဖွဲ့က ZRA တပ်ကို သွားရောက်ပစ်ခတ်တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုသတင်းတော့မရှိသေးပါ။ CNA နဲ့ CDF-Hualngo ပူးပေါင်းတပ်ဖွဲ့က အခုလို ZRA တပ်ကို သွားရောက်ပစ်ခတ်တာနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ကျနော်တို့သွားမပစ်ခင် ဒီဇင်ဘာ ၁၅ ရက်က ဟိုင်မွှာလ်ရွာမှာ စစ်ကောင်စီတပ်တွေနဲ့တွေ့ကြတယ်။ ကျနော်တို့ကို ပူးတွဲပြီးဖိအားပိုပေးဖို့ပြင်ဆင်နေကြတယ်လို့ သတင်းရရှိတယ်။ ကျနော်တို့ကသွားပြီးတော့ လက်ဦးမှုယူတာပေါ့နော်။ ဒီဘက်တိုးမလာအောင်ပေါ့။ အဲ့ဒီနေရာ ကျနော်တို့ CNA အခြေချတဲ့ Zimte ရွာက နေရာတွေဖြစ်တယ်။ ဟိုင်မွှာလ်မှာ ပါစတာကိုခေါ်သွားတယ်ဆိုတာမရှိပါဘူး။ အဲ့ဒါတွေကျနော်တို့ မလုပ်ပါဘူး။ သူတို့ ဝါဒဖြန့်တာပဲဖြစ်မယ်။ သူတို့ဘက်က အင်အား ၂၀ နဲ့ ၃၀ ကြားလောက်ဖြစ်မယ်လို့ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး ZRA တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ CNA နဲ့ အခြား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က အင်အား ၅၀ ခန့်က ဒီဇင်ဘာ ၁၅ ရက်မှာ တီးတိန်မြို့နယ် ဟိုင်မွှောလ်ရွာကိုဝင်လာပြီး သင်းအုပ်ဆရာတော်နဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်ပြီး နှိပ်စက်ကာ အခုထိမည်သည့်နေရာမှာရောက်ရှိနေတာမသိရသေးဘူး။ ဒီဇင်ဘာ ၁၆ ရက်ညမှာ ကလေးတစ်ယောက်ကိုပြန်ပေးဆွဲပြီး Ngawsing ရွာဘက်ကိုလူသားဒိုင်းအဖြစ်အသုံးပြုကြတယ်။ ဒါ့ပြင် CNA တပ်ကပစ်ခတ်လို့ ZRA တွေအိပ်တဲ့ Ngawsing ရွာက အိမ်ရှင်မိသားစု နှစ်ယောက်ဒဏ်ရာရရှိသွားတယ်လို့ဖော်ပြထားပါတယ်။

ဟိုင်မွှာလ်ရွာအနီးပတ်ဝန်းကျင်ဒေသခံတွေထံက ဒီဇင်ဘာ ၁၅ ရက်က ZRA တပ်သားတွေ ဟိုမွှာလ်ရွာမှာရှိနေကြပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၆ ရက်တွွင် CNA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဟိုင်မွှောလ်ရွာဘက်သို့တက်သွားတာတွေ့တယ်လို့ သတင်းရရှိထားပါတယ်။

ZRA တပ်ဟာ အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးကာ နယ်ခြားစောင့်တပ်အနေနဲ့ရှိနေပြီး ဒီနှစ် မိုးရာသီကာလမှာ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်က PDF စခန်း ၃ ခုကို သုံးကြိမ်ဝင်ရောက်တိုက်ခိုက်ကာ ဖမ်းဆီးရမိတဲ့ ရဲဘော်တွေကို ရိုက်နှိပ်သွားကြတယ်လို့လည်းသိရတယ်။ ZRA တပ်က ပြည်သူ့ကာကွယ်ရေးတပ် စခန်း ၃ ခုတိုက်ခိုက်တဲ့ထဲမှာ CDF-Hualngo စခန်းလည်းပါဝင်ပါတယ်။

Zawgyi
ZRA နဲ႔ စစ္ေကာင္စီတပ္ေတြပူးေပါင္းၿပီး ေခ်မႈန္းဖို႔စီစဥ္ေနစဥ္ CNA ပူးပေါင္းတပ္က လက္ဦးမႈယူလုိက္တာလို႔ဆို

ဒီဇင္ဘာ ၁၇ ရက္ မနက္ ၃ နာရီေလာက္မွာ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ Ngawsing ရြာနားမွာ CNA နဲ႔ CDF-Hualngo ပူးေပါင္းတပ္ဖြဲ႕က ZRA တပ္ကို သြားေရာက္ပစ္ခတ္တယ္လို႔ သတင္းရရွိပါတယ္။

အဲ့ဒီတိုက္ပြဲမွာ ႏွစ္ဖက္ ထိခိုက္ဒဏ္ရာရရွိမႈသတင္းေတာ့မရွိေသးပါ။ CNA နဲ႔ CDF-Hualngo ပူးေပါင္းတပ္ဖြဲ႕က အခုလို ZRA တပ္ကို သြားေရာက္ပစ္ခတ္တာနဲ႔ပတ္သက္ၿပီး CNA ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက က်ေနာ္တို႔သြားမပစ္ခင္ ဒီဇင္ဘာ ၁၅ ရက္က ဟိုင္မႊာလ္ရြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ေတြ႕ၾကတယ္။ က်ေနာ္တို႔ကို ပူးတြဲၿပီးဖိအားပိုေပးဖို႔ျပင္ဆင္ေနၾကတယ္လို႔ သတင္းရရွိတယ္။ က်ေနာ္တို႔ကသြားၿပီးေတာ့ လက္ဦးမႈယူတာေပါ့ေနာ္။ ဒီဘက္တိုးမလာေအာင္ေပါ့။ အဲ့ဒီေနရာ က်ေနာ္တို႔ CNA အေျခခ်တဲ့ Zimte ရြာက ေနရာေတြျဖစ္တယ္။ ဟိုင္မႊာလ္မွာ ပါစတာကိုေခၚသြားတယ္ဆိုတာမရွိပါဘူး။ အဲ့ဒါေတြက်ေနာ္တို႔ မလုပ္ပါဘူး။ သူတို႔ ဝါဒျဖန႔္တာပဲျဖစ္မယ္။ သူတို႔ဘက္က အင္အား ၂၀ နဲ႔ ၃၀ ၾကားေလာက္ျဖစ္မယ္လို႔ေျပာပါတယ္။

အခုလို တိုက္ပြဲျဖစ္ပြားတာနဲ႔ပတ္သက္ၿပီး ZRA တပ္ဖြဲ႕က ဒီကေန႔ ထုတ္ျပန္ခ်က္စာတစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။ CNA နဲ႔ အျခား လက္နက္ကိုင္ အဖြဲ႕ ၃ ဖြဲ႕က အင္အား ၅၀ ခန႔္က ဒီဇင္ဘာ ၁၅ ရက္မွာ တီးတိန္ၿမိဳ႕နယ္ ဟိုင္ေမႊာလ္ရြာကိုဝင္လာၿပီး သင္းအုပ္ဆရာေတာ္နဲ႔ မိသားစုဝင္ေတြကို ဖမ္းဆီးေခၚေဆာင္ၿပီး ႏွိပ္စက္ကာ အခုထိမည္သည့္ေနရာမွာေရာက္ရွိေနတာမသိရေသးဘူး။ ဒီဇင္ဘာ ၁၆ ရက္ညမွာ ကေလးတစ္ေယာက္ကိုျပန္ေပးဆြဲၿပီး Ngawsing ရြာဘက္ကိုလူသားဒိုင္းအျဖစ္အသုံးျပဳၾကတယ္။ ဒါ့ျပင္ CNA တပ္ကပစ္ခတ္လို႔ ZRA ေတြအိပ္တဲ့ Ngawsing ရြာက အိမ္ရွင္မိသားစု ႏွစ္ေယာက္ဒဏ္ရာရရွိသြားတယ္လို႔ေဖာ္ျပထားပါတယ္။

ဟိုင္မႊာလ္ရြာအနီးပတ္ဝန္းက်င္ေဒသခံေတြထံက ဒီဇင္ဘာ ၁၅ ရက္က ZRA တပ္သားေတြ ဟိုမႊာလ္ရြာမွာရွိေနၾကၿပီး ေနာက္တစ္ေန႔ ဒီဇင္ဘာ ၁၆ ရက္တြြင္ CNA နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြ ဟိုင္ေမႊာလ္ရြာဘက္သို႔တက္သြားတာေတြ႕တယ္လို႔ သတင္းရရွိထားပါတယ္။

ZRA တပ္ဟာ အိႏၵိယအစိုးရနဲ႔ ၿငိမ္းခ်မ္းေရးလက္မွတ္ထိုးကာ နယ္ျခားေစာင့္တပ္အေနနဲ႔ရွိေနၿပီး ဒီႏွစ္ မိုးရာသီကာလမွာ အိႏၵိယ-ျမန္မာနယ္စပ္တေလၽွာက္က PDF စခန္း ၃ ခုကို သုံးႀကိမ္ဝင္ေရာက္တိုက္ခိုက္ကာ ဖမ္းဆီးရမိတဲ့ ရဲေဘာ္ေတြကို ရိုက္ႏွိပ္သြားၾကတယ္လို႔လည္းသိရတယ္။ ZRA တပ္က ျပည္သူ႔ကာကြယ္ေရးတပ္ စခန္း ၃ ခုတုိက္ခိုက္တဲ့ထဲမွာ CDF-Hualngo စခန္းလည္းပါဝင္ပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်