ကနေဒီတောင်တွင်တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စကစ ၂ယောက်သေ၊ လက်နက် ၂ လက်ရရှိဟုဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်ခြေတွင် CDF KKG (CDM Siyin) နဲ့ PDF Zoland ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ ယနေ့ မွန်းလွဲ ၃း၃၀ အချိန်တွင် ထိပ်တိုက်တွေ့ရာ အကြမ်းဖက်စကစဖက်က ၂ ယောက်သေဆုံးပြီး၊ ဒဏ်ရာနဲ့ ၂ ယောက်ထွက်ပြေးကာ လက်နက် ၂ လက်ရရှိတယ်လို့ PDF Zoland တပ်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ထံမှသတင်းရရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ယောက် ဒဏ်ရာ(ပြင်းထန်)ရရှိတယ်လို့လည်းသိရတယ်။

PDF Zoland တပ်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “စစ်ခွေးတွေက ကနေဒီတောင်ထိပ်မှာ ကင်းစခန်းရှိတယ်။ အဲ့ဒီ ၄ ကောင်က ကားလမ်းဘက်ကိုဆင်းလာတဲ့ချိန်မှာ ထိပ်တိုက်တွေ့ကြတယ်။ စစ်ခွေးတွေက လမ်းတလျှောက်မှာ ကင်းစခန်းချပြီးတော့ ခရီးသွားပြည်သူတွေကိုပိုက်ဆံလိုက်ကောက်နေကြတယ်”လို့ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကလေးမြို့ကနေ ချင်းတောင်ဘက်ကိုသွားတဲ့ ခိုင်ကမ်း၊ သိုင်းငင်း၊ ကနေဒီတောင်၊ ဗားရ်တံတား စတဲ့နေရာတွေမှာ စခန်းချပြီး ခရီးသွားဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို အကြောင်းမဲ့ပိုက်ဆံကောက်နေကြတယ်ဆိုတဲ့သတင်းလည်းကြားသိရပါတယ်။

Zawgyi

ကေနဒီေတာင္တြင္တိုက္ပြဲျဖစ္ရာ အၾကမ္းဖက္စကစ ၂ေယာက္ေသ၊ လက္နက္ ၂ လက္ရရွိဟုဆို

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ကေနဒီေတာင္ေျခတြင္ CDF KKG (CDM Siyin) နဲ႔ PDF Zoland ပူးေပါင္းတပ္ဖြဲ႔နဲ႔ အၾကမ္းဖက္ စစ္ေကာင္စီတပ္တို႔ ယေန႔ မြန္းလြဲ ၃း၃၀ အခ်ိန္တြင္ ထိပ္တိုက္ေတြ႔ရာ အၾကမ္းဖက္စကစဖက္က ၂ ေယာက္ေသဆံုးၿပီး၊ ဒဏ္ရာနဲ႔ ၂ ေယာက္ထြက္ေျပးကာ လက္နက္ ၂ လက္ရရွိတယ္လို႔ PDF Zoland တပ္က ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္ထံမွသတင္းရရွိပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္မွ ရဲေဘာ္တစ္ေယာက္ ဒဏ္ရာ(ျပင္းထန္)ရရွိတယ္လုိ႔လည္းသိရတယ္။

PDF Zoland တပ္က ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က “စစ္ေခြးေတြက ကေနဒီေတာင္ထိပ္မွာ ကင္းစခန္းရွိတယ္။ အဲ့ဒီ ၄ ေကာင္က ကားလမ္းဘက္ကိုဆင္းလာတဲ့ခ်ိန္မွာ ထိပ္တိုက္ေတြ႔ၾကတယ္။ စစ္ေခြးေတြက လမ္းတေလွ်ာက္မွာ ကင္းစခန္းခ်ၿပီးေတာ့ ခရီးသြားျပည္သူေတြကိုပိုက္ဆံလိုက္ေကာက္ေနၾကတယ္”လို႔ေျပာပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ ကေလးၿမိဳ႕ကေန ခ်င္းေတာင္ဘက္ကိုသြားတဲ့ ခိုင္ကမ္း၊ သုိင္းငင္း၊ ကေနဒီေတာင္၊ ဗားရ္တံတား စတဲ့ေနရာေတြမွာ စခန္းခ်ၿပီး ခရီးသြားဆုိင္ကယ္၊ ေမာ္ေတာ္ယာဥ္ေတြကို အေၾကာင္းမဲ့ပိုက္ဆံေကာက္ေနၾကတယ္ဆိုတဲ့သတင္းလည္းၾကားသိရပါတယ္။

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်