ကလေးမြို့တောင်ပိုင်း တိုက်ပွဲတွင် မအလတပ် ၄၇ ယောက်သေ၊ ပြည်သူ့တပ်ဖွဲွ့ ၁ ယောက်ကျဆုံးဟုဆို

ယမန်နေ့နဲ့ ယနေ့ ကလေးမြို့တောင်ပိုင်း တိုက်ပွဲဖြစ်စဉ်ကို PDF (Kalay)က အခုလို ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ညနေ ၃ နာရီ ဝန်းကျင်တွင် စုစုပေါင်း ယာဉ် ၈ စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ကလေးမြိုမှ တောင်ပိုင်းဘက်သို ဦးတည်လာပြီး စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် မင်းအောင်လှိုင်လက်ပါးစေ အကြမ်းဖက်စစ်သားများ မိုင်းရှင်းလင်းရန် လမ်းလျှောက်တက်လာစဉ် PDF (Kalay) တပ်ဖွဲဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားပါသည်။ တချိန်တည်းတွင် ကလေးမြိုတောင်ပိုင်း ရန်ကြီးအောင်ရွာဘက်မှ ချောင်းခွ၊ နတ်ချောင်းရွာဘက်သို စစ်ကြောင်းတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲကို PDF (Kalay) တပ်ဖွဲဝင်များနှင့် ပ.က.ဖ အဖွဲများက ပန်းမွန်ချောင်းတံတားအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပါသည်။ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများ အသေအဆုံးရှိနိုင်သော်လည်း အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။

ထပ်မံ၍ ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ရနာရီခွဲအချိန်ခန့်မှ စတင်၍ PDF (Kalay)၊ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲများက ပန်းမွန်ချောင်းတံတားအနီး ကျောက်ခွဲစက်တွင်စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲကို စစ်ကြောင်း ၂ ကြောင်းဖြင့် ညှပ်ပိတ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ တချိန်တည်းတွင် ကလေးမြိုဘက်မှ စစ်ကူတက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံစစ်‌ကြောင်းလျှောက်တက်လာသော အကြမ်းဖက်စစ်သားများကို နတ်မြောင်းရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပိတ်ဆို၍ တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ယနေ့တိုက်ပွဲများနှင့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကလေးမြိုစစ်ကောင်စီဆေးရုံသို အကြမ်းဖက်စစ်သားအလောင်း ၄၇ လောင်း ရောက်ရှိလာခဲ့ကြောင်း အတည်ပြုသိရှိရပါသည်။ ယနေ့တိုက်ပွဲများအတွင်း မိမိတိုပူးပေါင်းတပ်ဖွဲများဘက်မှ ပ.က.ဖ တပ်ဖွဲဝင် ၁ ဦး ကျဆုံးခဲ့ပါသည်။

ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက နတ်ချောင်းရွာနှင့် နတ်မြောင်းရွာအတွင်းသို လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦးကျဆုံးခဲ့ရပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပါသည်။ ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက နတ်မြောင်း၊ ‌နတ်ချောင်း၊ ချောင်းခွရွာများအတွင်းသို ဝင်ရောက်၍ နေအိမ်များကို မွှေနှောက်ဖျက်စီးမီးရှိလျက်ရှိရာ ညနေ ၄ နာရီအချိန်ထိ မြေပြင်သတင်းများအရ ချောင်းခွရွာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းပျက်စီးသွား‌ပြီဖြစ်ကြောင်း သိရပါသည်။ ညနေ ၄ နာရီအချိန်အထိ အကြမ်းစစ်သားများသည် ချောင်းခွရွာဘက်မှ ဟားခါးလေးရွာဘက်သို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်လျက်ရှိပါသည်။

ကလေးမြိုနယ်တောင်ပိုင်းတွင် ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပေါ်နိုင်သည်ဖြစ်၍ ပြည်သူများအနေဖြင့် မော်တော်ယာဉ်များဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန်နှင့် လုံခြုံရေးသတိပြု၍ လိုအပ်ပါက ဘေးကင်းရာသို အမြန်ရွှေ့ပြောင်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် အသိပေးအပ်ပါသည်။

Zawgyi

ကေလးၿမိဳ႕ေတာင္ပိုင္း တိုက္ပြဲတြင္ မအလတပ္ ၄၇ ေယာက္ေသ၊ ျပည္သူ႔တပ္ဖြဲြ႕ ၁ ေယာက္က်ဆုံးဟုဆို

ယမန္ေန႔နဲ႔ ယေန႔ ကေလးၿမိဳ႕ေတာင္ပိုင္း တိုက္ပြဲျဖစ္စဥ္ကို PDF (Kalay)က အခုလို ထုတ္ျပန္ထားပါတယ္။

ယမန္ေန႔ နိုဝင္ဘာ ၂ ရက္ေန႔ညေန ၃ နာရီ ဝန္းက်င္တြင္ စုစုေပါင္း ယာဥ္ ၈ စီးပါဝင္သည့္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းသည္ ကေလးၿမိဳမွ ေတာင္ပိုင္းဘက္သို ဦးတည္လာၿပီး စည္သာရြာႏွင့္ နတ္ေျမာင္းရြာအၾကားတြင္ မင္းေအာင္လွိုင္လက္ပါးေစ အၾကမ္းဖက္စစ္သားမ်ား မိုင္းရွင္းလင္းရန္ လမ္းေလၽွာက္တက္လာစဥ္ PDF (Kalay) တပ္ဖြဲဝင္မ်ားက မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္သား ၃ ဦး ေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိသြားပါသည္။ တခ်ိန္တည္းတြင္ ကေလးၿမိဳေတာင္ပိုင္း ရန္ႀကီးေအာင္ရြာဘက္မွ ေခ်ာင္းခြ၊ နတ္ေခ်ာင္းရြာဘက္သို စစ္ေၾကာင္းတက္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲကို PDF (Kalay) တပ္ဖြဲဝင္မ်ားႏွင့္ ပ.က.ဖ အဖြဲမ်ားက ပန္းမြန္ေခ်ာင္းတံတားအနီးတြင္ ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲျဖစ္ပြားခ်ိန္ ၃ နာရီေက်ာ္ၾကာျမင့္ခဲ့ပါသည္။ တိုက္ပြဲအတြင္းအၾကမ္းဖက္စစ္သားမ်ား အေသအဆုံးရွိနိုင္ေသာ္လည္း အတည္ျပဳနိုင္ခဲ့ျခင္းမရွိပါ။

ထပ္မံ၍ ယေန႔ နိုဝင္ဘာ ၃ ရက္ နံနက္ ရနာရီခြဲအခ်ိန္ခန႔္မွ စတင္၍ PDF (Kalay)၊ CNDF ႏွင့္ ပ.က.ဖ ပူးေပါင္းတပ္ဖြဲမ်ားက ပန္းမြန္ေခ်ာင္းတံတားအနီး ေက်ာက္ခြဲစက္တြင္စခန္းခ်ထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲကို စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ ညႇပ္ပိတ္၍ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ နံနက္ ၁၁ နာရီခြဲအထိ တိုက္ပြဲျပင္းထန္ခဲ့ပါသည္။ တခ်ိန္တည္းတြင္ ကေလးၿမိဳဘက္မွ စစ္ကူတက္လာေသာ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းအား စည္သာရြာႏွင့္ နတ္ေျမာင္းရြာအၾကားတြင္ ၂ ႀကိမ္မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး ထပ္မံစစ္‌ေၾကာင္းေလၽွာက္တက္လာေသာ အၾကမ္းဖက္စစ္သားမ်ားကို နတ္ေျမာင္းရြာအနီးတြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပိတ္ဆို၍ တရစပ္ပစ္ခတ္တိုက္ခိုက္ခဲ့ပါသည္။ ယေန႔တိုက္ပြဲမ်ားႏွင့္ မိုင္းဆြဲတိုက္ခိုက္မႈမ်ားေၾကာင့္ ကေလးၿမိဳစစ္ေကာင္စီေဆး႐ုံသို အၾကမ္းဖက္စစ္သားအေလာင္း ၄၇ ေလာင္း ေရာက္ရွိလာခဲ့ေၾကာင္း အတည္ျပဳသိရွိရပါသည္။ ယေန႔တိုက္ပြဲမ်ားအတြင္း မိမိတိုပူးေပါင္းတပ္ဖြဲမ်ားဘက္မွ ပ.က.ဖ တပ္ဖြဲဝင္ ၁ ဦး က်ဆုံးခဲ့ပါသည္။

ယေန႔တိုက္ပြဲမ်ားအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားက နတ္ေခ်ာင္းရြာႏွင့္ နတ္ေျမာင္းရြာအတြင္းသို လက္နက္ႀကီးမ်ားျဖင့္ ရမ္းကားပစ္ခတ္ခဲ့ရာ လက္နက္ႀကီးထိမွန္၍ ျပည္သူ ၁ ဦးက်ဆုံးခဲ့ရၿပီး၊ ၄ ဦး ထိခိုက္ဒဏ္ရရွိခဲ့ပါသည္။ ယေန႔ ညေန ၃ နာရီဝန္းက်င္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲမ်ားက နတ္ေျမာင္း၊ ‌နတ္ေခ်ာင္း၊ ေခ်ာင္းခြရြာမ်ားအတြင္းသို ဝင္ေရာက္၍ ေနအိမ္မ်ားကို ေမႊေႏွာက္ဖ်က္စီးမီးရွိလ်က္ရွိရာ ညေန ၄ နာရီအခ်ိန္ထိ ေျမျပင္သတင္းမ်ားအရ ေခ်ာင္းခြရြာမွ ေနအိမ္ ၃ လုံး မီးေလာင္ကၽြမ္းပ်က္စီးသြား‌ၿပီျဖစ္ေၾကာင္း သိရပါသည္။ ညေန ၄ နာရီအခ်ိန္အထိ အၾကမ္းစစ္သားမ်ားသည္ ေခ်ာင္းခြရြာဘက္မွ ဟားခါးေလးရြာဘက္သို လက္နက္ႀကီးျဖင့္ ဆက္တိုက္ပစ္ခတ္လ်က္ရွိပါသည္။

ကေလးၿမိဳနယ္ေတာင္ပိုင္းတြင္ ထိေတြ႕တိုက္ပြဲမ်ား အခ်ိန္မေရြးထပ္မံျဖစ္ေပၚနိုင္သည္ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ျဖတ္သန္းသြားလာျခင္း မျပဳလုပ္ၾကပါရန္ႏွင့္ လုံျခဳံေရးသတိျပဳ၍ လိုအပ္ပါက ေဘးကင္းရာသို အျမန္ေရႊ႕ေျပာင္းနိုင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ထားၾကပါရန္ အသိေပးအပ္ပါသည္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်