ကလေးမြို့တွင် စက်သုံးဆီပြတ်လပ်ကာ အခြေခံစားသောက်ကုန်များ စျေးထိုးတက်၊ ခွဲတမ်းဖြင့် ရောင်းချပေးနေရ

သြဂုတ် ၂၁၊ ၂၀၂၃

 စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ယနေ့ သြဂုတ် ၂၁ ရက်နေ့တွင် စက်သုံးဆီများပြတ်လပ်သွားပြီး မြို့တွင်းရှိ ဓာတ်ဆီဆိုင်များတွင် ခွဲတမ်းစနစ်ဖြင့် အလှည့်ကျ ရောင်းချနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ဩဂုတ် ၅ ရက်ကစပြီး မဟာမြိုင်လမ်း ပိတ်ဆို့ထားသောကြောင့် ကုန်တင်ကားများ အဝင်အထွက်မရှိတော့ဘဲ စက်သုံးဆီအပြင် စက်ဘီးတစ်စီး သိန်းဂဏန်းထိ စျေးထိုးတက်သွားကြောင်းလည်း ကလေးမြို့ အရောင်းဝန်ထမ်းတစ်ခုက ပြောသည်။

 “မြို့ထဲမှာ ဓာတ်ဆီ ၁လီတာကို ၅၀၀၀ဖြစ်နေပြီ။ ဒါတောင် ဓာတ်ဆီဆိုင်တွေမှာ တန်းစီပြီး အလုအယက်ဝယ်နေရတယ်။ တစ်ချို့ဆိုင်တွေ ဝယ်လို့မရတော့ဘူး။ ရွာဖက်တွေမှာ ၁ဂါလံကို ၁၆၀၀၀ ရှိတယ်” ဟု ကလေးမြို့ ရပ်မိရပ်ဖတစ်ဦးကဆိုသည်။ ထို့

Zalen ad

အပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်အိတ် ၁သိန်း၅သောင်းကျော်၊ ပဲဆီတစ်ပုံး ၁သိန်း၅သောင်း၊ နေကြာဆီ တစ်ပုံး ၁သိန်း၃သောင်း၊ ရိုးရိုးဆီ ၁သိန်းအထိ စံချိန်တင်စျေးထိုးတက်သွားကြောင်း ကလေးဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

ကလေးမြို့နယ်သည် တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်ရာ ဒေသတစ်ခုဖြစ်ကာ အထူးသဖြင့် ချင်းတိုင်းရင်းသားလူမျိုးစုများ အခြေချနေထိုင်ရာဒေသလည်းဖြစ်ပါသည်။ လူဦးရေ ၃သိန်း၄သောင်းကျော်ရှိကာ ကုန်သွယ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသော နယ်စပ်ဒေသတစ်ခုလည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်