ကလေးမြို့တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ Positive ၁၆ ယောက်တွေ့ရှိ 

ကလေးမြို့နယ်တွင် ဒီဇင်ဘာလ (၂၄)ရက်တွင် ကိုဗစ်-၁၉ Positive လူနာ ၁၆ ယောက်တွေ့ရှိကြောင်း ကိုဗစ် သတင်းနဲ့ပြန်ကြားရေးကော်မတီကကြေညာပါတယ်။

ယင်းလူနာတွေဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာတွေရဲ့ Contactတွေကို ဒုတိယအကြိမ် ဓါတ်ခွဲနမူနာရယူပြီး Test Kit ဖြင့် ၆၆ ဦး စစ်ဆေးတဲ့အထဲမှတွေ့ရှိထားတာပါ။

လူနာတွေက အောင်မင်္ဂလာရပ်ကွက်မှ (၄)ဦး၊ အောင်ဇေယျရပ်ကွက်မှ (၂)ဦး၊ အောင်မြေမာန်ရပ်ကွက်မှ (၃)ဦး၊ နန်းဇလူကျေးရွာမှ (၂)ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ ၁ ဦး၊ ခိုင်ကမ်းမြို့မှ ၁ ဦး၊ ကလေးမြို့ လေဆိပ်မှ ဝန်ထမ်း မင်္ဂလာဥယျာဉ်ရပ်ကွက်တွင်နေထိုင်သူ ၁ ဦး တို့ဖြစ်ပါတယ်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၆၅)ဦးကုသလျက်ရှိပါတယ်။

Zalen ad

(Zawgyi)

ကေလးၿမိဳ႕တြင္ တစ္ရက္အတြင္း ကိုဗစ္-၁၉ Positive ၁၆ ေယာက္ေတြ႔ရွိ

ကေလးၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ (၂၄)ရက္တြင္ ကိုဗစ္-၁၉ Positive လူနာ ၁၆ ေယာက္ေတြ႔ရွိေၾကာင္း ကိုဗစ္ သတင္းနဲ႔ျပန္ၾကားေရးေကာ္မတီကေၾကညာပါတယ္။

ယင္းလူနာေတြဟာ ဒီဇင္ဘာလ ၂၂ ရက္ေန႔က ကေလးခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ Positive လူနာေတြရဲ႕ Contactေတြကို ဒုတိယအႀကိမ္ ဓါတ္ခြဲနမူနာရယူၿပီး Test Kit ျဖင့္ ၆၆ ဦး စစ္ေဆးတဲ့အထဲမွေတြ႔ရွိထားတာပါ။

လူနာေတြက ေအာင္မဂၤလာရပ္ကြက္မွ (၄)ဦး၊ ေအာင္ေဇယ်ရပ္ကြက္မွ (၂)ဦး၊ ေအာင္ေျမမာန္ရပ္ကြက္မွ (၃)ဦး၊ နန္းဇလူေက်းရြာမွ (၂)ဦး၊ ခ်မ္းေျမ႔ေအာင္စည္ရပ္ကြက္မွ ၁ ဦး၊ ခိုင္ကမ္းၿမိဳ႕မွ ၁ ဦး၊ ကေလးၿမိဳ႕ ေလဆိပ္မွ ဝန္ထမ္း မဂၤလာဥယ်ာဥ္ရပ္ကြက္တြင္ေနထုိင္သူ ၁ ဦး တို႔ျဖစ္ပါတယ္။

လက္ရွိ ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာ စုစုေပါင္း (၆၅)ဦးကုသလ်က္ရွိပါတယ္။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်