ကလေးမြို့တွင် သွားဘက်ဆိုင်ရာ အထူးကုအပါအဝင် ၂ ဦး ကိုဗစ်ရောဂါနဲ့သေဆုံး

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါနဲ့ သွားဘက်ဆိုင်ရာ အထူးကုအပါအဝင် လူ ၂ ဦးဟာ ဒီနေ့ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

တစ်ဦးဟာ အသက် (၆၀) ကျော် အရွယ် သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ဖြစ်ပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူရင်းသေဆုံးသွားပါတယ်။ နောက်တစ်ဦးကတော့ တိုင်းရင်းဆေးရုံတွင် ဆေးကုသမှုခံယူ အသက် (၆၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

လက်ရှိကလေးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၁၄)ဦးရှိပြီး ကိုဗစ်ကြောင့် အထူးကုဆရာဝန် ၂ ဦးသေဆုံးသွားပါပြီ။

(Zawgyi)

Zalen ad





နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်