ကလေးမြို့တွင် အောက်ဆီဂျင်ဗူးပေါက်ကွဲမှုကြောင့် ၂ ယောက်သေဆုံးပြီး ၁ဦးဒဏ်ရာရရှိကာ ဆေးခန်းအပေါ်ထပ်ပျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်က ဗေသနိဆေးရုံတွင် နိုဝင်ဘာ ၁၀ ရက်ည ၈ နာရီလောက်က လူနာအောက်ဆီဂျင်ရူနေတဲ့အိုး မတော်တဆပေါက်ကွဲမှုကြောင့် လူနာ သင်းအုပ်ဆရာကတော်နဲ့ လူနာစောင့် သင်းအုပ်ဆရာတော်တို့ ကွယ်လွန်သွားပြီး ၄င်းတို့သားတစ်ယောက် မီးလောင်ဒဏ်ရာရရှိတယ်သိရပါတယ်။

ဗေသနိဆေးရုံဝန်ထမ်းတစ်ယောက်က “ရုတ်တရက် အပေါ်ထပ်ကနေပေါက်ကွဲသံကြားပြီးတော့ တစ်ဆောင်လုံးတုန်ခါသွားတယ်။ ဆရာတို့အခန်းက အထူးသီးသန့်ခန်း။ သူတို့အခန်းအနီးတဝိုက်မှာ ဘယ်သူမှမရှိလို့တော်ပါသေးတယ်။ ပြီးတော့ ဆရာရဲ့သားက ကယ်ကြပါအုံးပြီး အောက်ထပ်ကိုဆင်းလာတယ်။ သူ့ခန္ဓာကိုယ်ရှေ့ဘက်ခြမ်းလောင်သွားတယ်။ သူနာပြုတွေစိတ်ငြိမ်ဆေးထိုးဖို့လုပ်နေတဲ့ချိန်မှာ သူလည်းသတိလစ်သွားတယ်။ ဝယ်စလီဆေးရုံကဆရာ၊မတွေ၊ မေတ္တာအထူးကုဆေးခန်းက ဆရာ၊မတွေ ချက်ချင်းပဲ ရောက်လာပြီးတော့ လူနာတွေကို မေတ္တာအထူးဆေးကုခန်းမှာြပောင်းရွေ့ကြတယ်။ ပေါက်ကွဲမှုဖြစ်တော့ မီးလည်းပြတ်သွားတယ်။ ဆေးရုံမီးစက်သွားနိုးတော့လည်း တုန်ခါမှုကြောင့် စက်မနိုးနိုင်ဘူး။ ဆေးခန်းအပေါ်ထပ်တခုလုံးပျက်ဆီးသွားတယ်။ အမိုးတွေ၊ နံရံတွေလည်းပျက်ဆီးသွားတယ်။ အောက်ထပ် တစ်ခန်းလည်းပျက်သွားတယ်။ ဒီမနက်မှာတော့ ရပ်ကွက်နဲ့ အသင်းတော်က လူငယ်တွေက လုပ်အားပေး သန့်ရှင်းရေးလာကူညီကြတယ်” လို့ပြောပါတယ်။

သေဆုံးသူဟာ ကလေးမြို့ EMC (Evangelical Methodist Church) အသင်းတော်က သင်းအုပ်ဆရာတော် Rev.Dr.Lalduhawma (၅၈ နှစ်) နဲ့ ဇနီး Pi Rosiami (၆၅နှစ်) တို့ဖြစ်ပါတယ်။

သင်းအုပ်ဆရာကတော် Pi Rosiami ဟာ ကျန်းမာရေးမကောင်းလို့ လွန်ခဲ့တဲ့ ၃၊၄ ရက်လောက်က ဆေးရုံသို့လာရောက် ကုသကြခြင်းဖြစ်ပါတယ်။

Zawgyi

ကေလးၿမိဳ႕ ေဗသနိအထူးကုေဆးခန္းတြင္ ေအာက္ဆီဂ်င္ဗူးေပါက္ကြဲမႈေၾကာင့္ ၂ ေယာက္ေသဆံုးၿပီး ၁ဦးဒဏ္ရာရရွိကာ ေဆးရံုအေပၚထပ္ပ်က္ဆီးသြား

စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕ တာဟန္းရပ္ကြက္က ေဗသနိေဆးရံုတြင္ ႏိုဝင္ဘာ ၁၀ ရက္ည ၈ နာရီေလာက္က လူနာေအာက္ဆီဂ်င္ရူေနတဲ့အိုး မေတာ္တဆေပါက္ကြဲမႈေၾကာင့္ လူနာ သင္းအုပ္ဆရာကေတာ္နဲ႔ လူနာေစာင့္ သင္းအုပ္ဆရာေတာ္တို႔ ကြယ္လြန္သြားၿပီး ၄င္းတုိ႔သားတစ္ေယာက္ မီးေလာင္ဒဏ္ရာရရွိတယ္သိရပါတယ္။

ေဗသနိေဆးရံုဝန္ထမ္းတစ္ေယာက္က “ရုတ္တရက္ အေပၚထပ္ကေနေပါက္ကြဲသံၾကားၿပီးေတာ့ တစ္ေဆာင္လံုးတုန္ခါသြားတယ္။ ဆရာတို႔အခန္းက အထူးသီးသန္႔ခန္း။ သူတို႔အခန္းအနီးတဝိုက္မွာ ဘယ္သူမွမရွိလို႔ေတာ္ပါေသးတယ္။ ၿပီးေတာ့ ဆရာရဲ႕သားက ကယ္ၾကပါအံုးၿပီး ေအာက္ထပ္ကိုဆင္းလာတယ္။ သူ႔ခႏၶာကိုယ္ေရွ႕ဘက္ျခမ္းေလာင္သြားတယ္။ သူနာျပဳေတြစိတ္ၿငိမ္ေဆးထိုးဖို႔လုပ္ေနတဲ့ခ်ိန္မွာ သူလည္းသတိလစ္သြားတယ္။ ဝယ္စလီေဆးရံုကဆရာ၊မေတြ၊ ေမတၱာအထူးကုေဆးခန္းက ဆရာ၊မေတြ ခ်က္ခ်င္းပဲ ေရာက္လာၿပီးေတာ့ လူနာေတြကို ေမတၱာအထူးေဆးကုခန္းမွာျေပာင္းေရြ႕ၾကတယ္။ ေပါက္ကြဲမႈျဖစ္ေတာ့ မီးလည္းျပတ္သြားတယ္။ ေဆးရံုမီးစက္သြားႏုိးေတာ့လည္း တုန္ခါမႈေၾကာင့္ စက္မႏိုးႏိုင္ဘူး။ ေဆးခန္းအေပၚထပ္တခုလံုးပ်က္ဆီးသြားတယ္။ အမိုးေတြ၊ နံရံေတြလည္းပ်က္ဆီးသြားတယ္။ ေအာက္ထပ္ တစ္ခန္းလည္းပ်က္သြားတယ္။ ဒီမနက္မွာေတာ့ ရပ္ကြက္နဲ႔ အသင္းေတာ္က လူငယ္ေတြက လုပ္အားေပး သန္႔ရွင္းေရးလာကူညီၾကတယ္” လို႔ေျပာပါတယ္။

ေသဆံုးသူဟာ ကေလးၿမိဳ႕ EMC (Evangelical Methodist Church) အသင္းေတာ္က သင္းအုပ္ဆရာေတာ္ Rev.Dr.Lalduhawma (၅၈ ႏွစ္) နဲ႔ ဇနီး Pi Rosiami (၆၅ႏွစ္) တို႔ျဖစ္ပါတယ္။

သင္းအုပ္ဆရာကေတာ္ Pi Rosiami ဟာ က်န္းမာေရးမေကာင္းလို႔ လြန္ခဲ့တဲ့ ၃၊၄ ရက္ေလာက္က ေဆးရံုသို႔လာေရာက္ ကုသၾကျခင္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်