ကလေးမြို့အခြေစိုက် ခလရ ၈၇မှတပ်သားတစ်ဦး စစ်သားများကို ပစ်ခတ်ပြီး PDFထံအလင်းဝင်

၈၊ဒီဇင်ဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ရဲစခန်းမှာ တာဝန်ကျနေတဲ့ ကလေးမြို့ ခလရ ၈၇မှ တပ်သား ဖိုးလပြည့်ဟာ အလင်းဝင်လိုတဲ့အတွက် ဒီဇင်ဘာလ ၅ရက်နေ့မှာ ထွက်ပြေးဖို့ကြိုးစားပြီး စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတစ်ချို့က တားဆီးခဲ့သောကြောင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးမှ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။

၎င်းတပ်သားဖိုးလပြည့်ဟာ KLG PDF-ကျောက်လုံးကြီး အဖွဲ့နဲ့ အလင်းဝင်ဖို့ကြိုးစားနေရင်း စစ်ကောင်စီတပ်သား တစ်ချို့က ရိပ်မိပြီးတားဆီးခဲ့တာကြောင်း အချင်းချင်းပစ်ခတ်မှုပွါးပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

“သူနဲ့ ဒီဇင်ဘာ ၅ရက်နေ့မှာ ချိန်းထားတာ။ ထွက်ပြေးမှာရိပ်မိတာ အပြင်မထွက်ဖို့တားလို့ အချင်းချင်းပစ်ခတ်ပြီးထွက်ပြေးလာခဲ့ရတာ။ ဒီဇင်ဘာ ၆ရက်နေ့မှာ ကျွန်တော်တို့ဆီရောက်လာတာ။ ပစ်ခတ်ရင်းထွက်ပြေးရတာဆိုတော့ သူပြောပုံအရဆိုရင် စစ်ကောင်စီဘက်က ၂ယောက်လောက်ထိနိုင်တယ်။ တိကျတော့ အတည်မပြုနိုင်ဘူး”လို့ KLG PDF-ကျောက်လုံးကြီး တာဝန်ရှိတစ်ဦးကပြောပါတယ်။

အလင်းဝင်လာ ၂၅နှစ်အရွယ် ဖိုးလပြည်ဟာ ကနီမြို့နယ်မှာ တာဝန်ထားဆောင်နေရတာ ၂လခန့်ရှိပြီဖြစ်ပြီး၊တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမယ်လို့လည်း သိရပါတယ်။

အလင်းဝင်လာတဲ့ ဖိုးလပြည့်က MA2 သေနတ် ၁လက်၊ ကျည်ဘောက် ၅ခု၊ ကျည်ဆံ ၁၄၀တောက်နဲ့ တကွပူးပေါင်းလာတာဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊၂၂၊၂၃(KLG PDF ကျောက်လုံးကြီး)မှ ထိုက်ထိုက်တန်တန် ဆုချီးမြင့်မှာဖြစ်ကြောင်းလည်း KLG PDF ကပြောဆိုထားပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်