ကလေးမြို့အနီးတွင် PDF (Kalay)၊ CNDF ပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွား

ကလေးမြို့နယ် အနောက်တောင်ဘက် လေးအိမ်စု နဲ့ စည်ပင်ကြီး ခေါ် လက်ပံခုံရွာအနီးတွင် ယနေ့ စက်တင်ဘာ ၂၆ ရက် နေ့လည် ၂ နာရီလောက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ PDF (Kalay)၊ CNDF ပူးပေါင်းတပ်ဖွဲ့ကြားတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ယောက်သေဆုံးတယ်လို့ PDF (Kalay)ကထုတ်ပြန်ထားပါတယ်။

PDF (Kalay) နဲ့ CNDF ပူးပေါင်းတပ်ဖွဲ့မှ ၃ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားပါတယ်။

ယနေ့ နေ့လည်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဟာ ကလေးမြို့ တောင်ဘက် ချင်းဆိုင်ရွာထဲကို မွှေနောက်ပြီးတော့ သာစည်ရွာမှတဆင့် အနောက်ဘက်သို့တက်သွားကာ လေးအိမ်စုနဲ့ စည်ပင်ကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်။

တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်နေကြရှေ့မတိုးနိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က စည်ပင်ကြီးရွာဘက်သို့ လက်နက်ကြီးနဲ့ အဆက်မပျက်ပစ်ခတ်ကြပါတယ်။ ပြီးနောက် မြို့လှမှတဆင့် အင်ဒိုင်းကုန်းဘက်သွားကာ တောင်ဖီလာဘက်သို့သွားကြပါတယ်။

စည်ပင်ကြီး ခေါ် လက်ပံခုံရွာသားတစ်ယောက်က “ပထမဆုံး စစ်သားတွေလာတုန်းက PDF ထဲကဆိုပြီး နာမည်စာရင်း ၅ ယောက်ထဲက တစ်ယောက်ရဲ့အိမ်အောက်ကို မီးရှို့ကြတယ်။ ဒါပေမယ့် ရွာထဲမှာလူတချို့ကျန်သေးတာနဲ့ သူတို့မီးငြိမ်းလို့ အိမ်တော့မီးမလောင်းသွားဘူး။ တချို့က ဗုံးပေါက်ကွဲလို့မီးလောင်တယ်လို့ပြောပေမယ့် မီးလောင်တဲ့နားတဝိုက်မှာ ဗုံးပေါက်ကွဲတဲ့အရာတွေမတွေ့ရဘူး။ ရှို့မီးဖြစ်နိုင်ခြေပိုများတယ်” လို့ပြောပါတယ်။

Zawgyi

ကေလးၿမိဳ႕အနီးတြင္ PDF (Kalay)၊ CNDF ပူးေပါင္းတပ္ဖြဲ႕ နဲ႔ စစ္ေကာင္စီတပ္တို႔တိုက္ပြဲျဖစ္ပြား

ကေလးၿမိဳ႕နယ္ အေနာက္ေတာင္ဘက္ ေလးအိမ္စု နဲ႔ စည္ပင္ၾကီး ေခၚ လက္ပံခံုရြာအနီးတြင္ ယေန႔ စက္တင္ဘာ ၂၆ ရက္ ေန႔လည္ ၂ နာရီေလာက္တြင္ အာဏာသိမ္း စစ္ေကာင္စီတပ္နဲ႔ PDF (Kalay)၊ CNDF ပူးေပါင္းတပ္ဖြဲ႕ၾကားတိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဘက္မွ အနည္းဆံုး ၃ ေယာက္ေသဆံုးတယ္လုိ႔ PDF (Kalay)ကထုတ္ျပန္ထားပါတယ္။

PDF (Kalay) နဲ႔ CNDF ပူးေပါင္းတပ္ဖြဲ႕မွ ၃ ဦး လက္နက္ႀကီးထိမွန္ ဒဏ္ရာရရွိသြားပါတယ္။

ယေန႔ ေန႔လည္ပိုင္းတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ အင္အား ၁၀၀ ေက်ာ္ဟာ ကေလးၿမိဳ႕ ေတာင္ဘက္ ခ်င္းဆိုင္ရြာထဲကို ေမႊေနာက္ၿပီးေတာ့ သာစည္ရြာမွတဆင့္ အေနာက္ဘက္သုိ႔တက္သြားကာ ေလးအိမ္စုနဲ႔ စည္ပင္ၾကီးရြာအနီးမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔တိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္တယ္။

တိုက္ပြဲမွာ အာဏာသိမ္းစစ္ေကာင္စီတပ္က လက္နက္ၾကီးေတြနဲ႔သာ ပစ္ခတ္ေနၾကေရွ႕မတိုးႏိုင္တာေၾကာင့္ အၾကမ္းဖက္စစ္တပ္က စည္ပင္ၾကီးရြာဘက္သို႔ လက္နက္ၾကီးနဲ႔ အဆက္မပ်က္ပစ္ခတ္ၾကပါတယ္။ ၿပီးေနာက္ ၿမိဳ႕လွမွတဆင့္ အင္ဒိုင္းကုန္းဘက္သြားကာ ေတာင္ဖီလာဘက္သို႔သြားၾကပါတယ္။

စည္ပင္ၾကီး ေခၚ လက္ပံခုံရြာသားတစ္ေယာက္က “ပထမဆံုး စစ္သားေတြလာတုန္းက PDF ထဲကဆိုၿပီး နာမည္စာရင္း ၅ ေယာက္ထဲက တစ္ေယာက္ရဲ႕အိမ္ေအာက္ကို မီးရိႈ႕ၾကတယ္။ ဒါေပမယ့္ ရြာထဲမွာလူတခ်ဳိ႕က်န္ေသးတာနဲ႔ သူတို႔မီးၿငိမ္းလုိ႔ အိမ္ေတာ့မီးမေလာင္းသြားဘူး။ တခ်ဳိ႕က ဗံုးေပါက္ကြဲလို႔မီးေလာင္တယ္လို႔ေျပာေပမယ့္ မီးေလာင္တဲ့နားတဝိုက္မွာ ဗံုးေပါက္ကြဲတဲ့အရာေတြမေတြ႔ရဘူး။ ရိႈ႕မီးျဖစ္ႏိုင္ေျခပိုမ်ားတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်