ကလေးမြို့အနီး သာယာကုန်းရွာက အိမ် ၄ လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ရွာသား ၃ ယောက်ဖမ်းဆီးခံရ

ကလေးမြို့၊ ကလေးနည်းပညာတက္ကသိုလ်ကျောင်းအနီး သာယာကုန်းရွာတွင် စစ်ကောင်စီတပ်တွေက ဒီမနက်(အောက်တိုဘာ ၈ရက်)က လူနေအိမ် ၄ လုံးမီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၂ စီးခိုးယူသွားတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

မီးလောင်သွားတဲ့နေအိမ်တွေကတော့ ကာယာကုန်းရွာ ကလေး-ဂန့်ဂေါလမ်းဘေးက ဆိုင်ကယ်ပြင်ဆိုင် မီးလောင်ပြာကျပြီး၊ သီတာထွန်း ဆန်စက် ၂ ပိုင်ရှင် တိုက်အိမ် ၁လုံး၊ အလုပ်သမားဆောင်၊ အိမ်သာ နဲ့ ကွန်ကရစ် လုပ်ငန်း အလုပ်သမားအိမ်တို့မီးလောင်သွားပါတယ်။ ဒါ့ပြင် ရွာထဲက ဆိုင်ကယ် ၂ စီးလည်း ခိုးယူသွားကြပါတယ်။

ဒေသခံတစ်ဦးက “မနေ့ည (အောက်တိုဘာ ၇ ရက်) ကစပြီး ရွာထဲမှာ စစ်ကောင်စီတပ်နဲ့ PDF တွေပစ်ကြတယ်။ အဲ့ချိန်မှာ ဦးဆဲန်ထန်း (၄၀ နှစ်ခန့်)နဲ့ သူတို့အိမ်မှာအလည်လာတဲ့ တစ်ယောက်ကိုဖမ်းကြတယ်။ အိမ်ပြင်ထွက်မလာရင် ပစ်မယ်လို့ခြိမ်းခြောက်ကြတာ။ ပြီးတော့ ရွာသားတစ်ယောက် ခြေထောက်ကျည်ထိတယ်။ ဒါကြောင့် မနေ့ညက တရွာလုံးတိမ်းရှောင်ကြတယ်။ ရွာထဲကျန်တာနည်းနည်းပါးပါးပဲရှိတယ်။ ပြီးတော့ ဒီမနက်မှာ ကလေးမြို့ကနေ စစ်ကား နဲ့ ရဲကားလာပြီးတော့ ရွာကိုမီးရှို့တယ် ရွာသား ၁ ယောက်ထပ်ဖမ်းဆီးခံရတယ်။ သူတို့အားလုံးက အပြစ်မဲ့ရွာသားတွေပါ။ သာယာကုန်းရွာနားမှာ ခပ်ဆိတ်ဆိပ် ပေါက်ကွဲမှုတွေဖြစ်တော့ ရွာသားတွေမြို့ထဲသွားတဲ့ချိန်မှာ မြို့အဝင်ဂိတ်မှာ သာယာကုန်းရွာကလို့ပြောရင် စစ်ဆေးမေးမြန်းတာပိုကြပ်တယ်။ နင်တို့ရွာနားမှာ ဗုံးခဏခဏပေါက်တယ်နော်။ ငါတို့မှာ လက်နက်ကြီးတွေရှိတယ်။ လှမ်းထုရင်နာမယ်အဲ့လိုပြောခံရတာ” လို့ပြောပါတယ်။

မနေ့ အောက်တိုဘာ ၇ ရက်တွင် စစ်ကောင်စီ မော်တော်ယာဉ်ကို သာယာကုန်းနဲ့ ကလေးနည်းပညာတက္ကသိုလ် ကျောင်းအနီးမှာ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးတယ်လို့ PDF (Kalay) ကထုတ်ပြန်ထားပါတယ်။

Zawgyi

ကေလးၿမိဳ႕အနီး သာယာကုန္းရြာက အိမ္ ၄ လံုး စစ္ေကာင္စီတပ္မီးရိႈ႕ဖ်က္ဆီး၊ ရြာသား ၃ ေယာက္ဖမ္းဆီးခံရ

ကေလးၿမိဳ႕၊ ကေလးနည္းပညာတကၠသိုလ္ေက်ာင္းအနီး သာယာကုန္းရြာတြင္ စစ္ေကာင္စီတပ္ေတြက ဒီမနက္(ေအာက္တိုဘာ ၈ရက္)က လူေနအိမ္ ၄ လံုးမီးရိႈ႕ဖ်က္ဆီးၿပီး ဆုိင္ကယ္ ၂ စီးခိုးယူသြားတယ္လုိ႔ ေဒသခံေတြထံမွသတင္းရရွိပါတယ္။

မီးေလာင္သြားတဲ့ေနအိမ္ေတြကေတာ့ ကာယာကုန္းရြာ ကေလး-ဂန္႔ေဂါလမ္းေဘးက ဆိုင္ကယ္ျပင္ဆုိင္ မီးေလာင္ျပာက်ၿပီး၊ သီတာထြန္း ဆန္စက္ ၂ ပိုင္ရွင္ တိုက္အိမ္ ၁လံုး၊ အလုပ္သမားေဆာင္၊ အိမ္သာ နဲ႔ ကြန္ကရစ္ လုပ္ငန္း အလုပ္သမားအိမ္တို႔မီးေလာင္သြားပါတယ္။ ဒါ့ျပင္ ရြာထဲက ဆုိင္ကယ္ ၂ စီးလည္း ခုိးယူသြားၾကပါတယ္။

ေဒသခံတစ္ဦးက “မေန႔ည (ေအာက္တုိဘာ ၇ ရက္) ကစၿပီး ရြာထဲမွာ စစ္ေကာင္စီတပ္နဲ႔ PDF ေတြပစ္ၾကတယ္။ အဲ့ခ်ိန္မွာ ဦးဆဲန္ထန္း (၄၀ ႏွစ္ခန္႔)နဲ႔ သူတို႔အိမ္မွာအလည္လာတဲ့ တစ္ေယာက္ကိုဖမ္းၾကတယ္။ အိမ္ျပင္ထြက္မလာရင္ ပစ္မယ္လုိ႔ျခိမ္းေျခာက္ၾကတာ။ ၿပီးေတာ့ ရြာသားတစ္ေယာက္ ေျခေထာက္က်ည္ထိတယ္။ ဒါေၾကာင့္ မေန႔ညက တရြာလံုးတိမ္းေရွာင္ၾကတယ္။ ရြာထဲက်န္တာနည္းနည္းပါးပါးပဲရွိတယ္။ ၿပီးေတာ့ ဒီမနက္မွာ ကေလးၿမိဳ႕ကေန စစ္ကား နဲ႔ ရဲကားလာၿပီးေတာ့ ရြာကိုမီးရိႈ႕တယ္ ရြာသား ၁ ေယာက္ထပ္ဖမ္းဆီးခံရတယ္။ သူတို႔အားလံုးက အျပစ္မဲ့ရြာသားေတြပါ။  သာယာကုန္းရြာနားမွာ ခပ္ဆိတ္ဆိပ္ ေပါက္ကြဲမႈေတြျဖစ္ေတာ့ ရြာသားေတြၿမိဳ႕ထဲသြားတဲ့ခ်ိန္မွာ ၿမိဳ႕အဝင္ဂိတ္မွာ သာယာကုန္းရြာကလို႔ေျပာရင္ စစ္ေဆးေမးျမန္းတာပုိၾကပ္တယ္။ နင္တို႔ရြာနားမွာ ဗံုးခဏခဏေပါက္တယ္ေနာ္။ ငါတုိ႔မွာ လက္နက္ၾကီးေတြရွိတယ္။ လွမ္းထုရင္နာမယ္အဲ့လိုေျပာခံရတာ” လုိ႔ေျပာပါတယ္။

မေန႔ ေအာက္တိုဘာ ၇ ရက္တြင္ စစ္ေကာင္စီ ေမာ္ေတာ္ယာဥ္ကို သာယာကုန္းနဲ႔ ကေလးနည္းပညာတကၠသိုလ္ ေက်ာင္းအနီးမွာ ၂ ၾကိမ္ မိုင္းခြဲတုိက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၁၀ ဦးေသဆံုးတယ္လို႔ PDF (Kalay) ကထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်