ကလေးမြို့ လေဆိပ်တွင် စစ်ကောင်စီတပ်သားများသယ်ဆောင်တဲ့ ထောက်ပို့လေယာဉ် ဆင်းလာ

EC/၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ကလေးမြို့တွင်း တစ်ပတ်ကျော်ကြာ စစ်ရေးတင်းမာမှုဖြစ်ပေါ်ပြီးနောက် မနေ့ အောက်တိုဘာ ၄ ရက်ညနေ ၆ နာရီတွင် ATR-72 စစ်တပ်ထောက်ပို့​လေယာဥ်တစ်စင်း ကလေးလေဆိပ်မှာဆင်းလာတယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်ထောက်ပို့လေယာဉ်ဟာ မုံရွာကနေပျံသန်းလာတာလို့သိရပြီး စစ်ကောင်စီတပ်သား ၃၀ ခန့်နဲ့ အထုပ်အပိုးတွေပါလာတယ်လို့ ဒေသခံတွေထံကသိရတယ်။ လေယာဉ်မဆင်းမီ လေဆိပ်အနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားတယ်လို့လည်းသိရတယ်။

Zalen ad

စက်တင်ဘာလ တတိယပတ်က တာဟန်းအနောက်ဘက် ဗိုလ်ချုပ်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်သားများ လုံခြုံရေးများချထားကြပါတယ်။ ပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် မြို့လှရပ်ကွက် (ယခင်မွန်ထာရွာ) မြို့ပတ်လမ်းပေါ် လူနေရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်သားများ ကင်းစခန်းအသစ်လာချကြပါတယ်။ နောက်တစ်နေ့ စက်တင်ဘာ ၂၇ ရက်တွင် ယင်းနေရာမှာ တိုက်ပွဲဖြစ်ပွားပြီး အဲ့ဒီနောက်ပိုင်း နေ့စဉ်လိုလို သေနတ်သံကြားရတယ်လို့ ရပ်ကွက်နေပြည်သူများထံက သိရတယ်။ စစ်ကောင်စီ ဒေသကွပ်ကဲရေးဌာန (ဒကစ)အနီးတဝိုက်မှာလည်း တစ်မိုင်အရှည် ကျင်းတွေတူးကာ သံချပ်ကာများအသင့်ချထားတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်