ကလေး-တမူးကားလမ်းပြန်ဖွင့်ပေမယ့် တမူးမှာ ကုန်စျေးနှုန်းစျေးမြင့်နေဆဲ

PR/ ၅၊ အောက်တိုဘာလ၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် လအတန်ကြာပိတ်ထားသည့်တမူး-ခမ်းပတ်လမ်းကို စက်တင်ဘာ ၁၂ နေ့တွင်ခရီးသည်တင်ကားနဲ့ ကုန်တင်ကားများကိုသွားလာခွင့်ပြုထားပေမယ့် တမူးမြို့မှာ ကုန်ဈေးနှုန်းမှာသိသိသာသာကျဆင်းမူ မရှိသေးဘူးလို့သိရတယ်။

“ကားလမ်းဖွင့်တာကတော့ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ ဒါပေမယ့် ကုန်ဈေးနှုန်းသိသိသာသာကျဆင်းတာမတွေ့ရဘူး။ အလုပ်အကိုင်ကလည်းရှားပါးနေ တော့ကြာလာရင် ထမင်းတောင်နပ်မှန်ဖို့မလွယ်ဘူး။ ဆန်ဈေးက တစ်တင်းကို ၇၅၀၀၀ ကနေ ၈၅၀၀၀ လောက်ရှိတယ်။

Zalen ad

 ကြက်ဥ တစ်လုံး ၆၀၀ ပေးဝယ်နေရတယ်။ ဒီကြားထဲ အိမ်ခွန်ကိုလစဉ် ၃၀၀၀၀ ကနေ ၅၀၀၀၀ ထိ အိမ်ကောင်းရင်ကောင်းသလို ပျူ‌ေစာထီးအဖွဲ့ကိုပေးနေကြရတော့ တမူးဒေသခံတွေတော့ဒုက္ခမျိုးဆုံပါပဲ” လို့ဒေသတစ်ဦးပြောတယ်။

တမူးကုန်သည်တစ်ဦးပြောပြတာကတော့ “ကားလမ်းပိတ်တုန်းက ကုန်ပစ္စည်းတွေကျန်နေသေးတာကြောင့် ချမရောင်းနိုင်သေးတာပါ။ အခုလည်းအနည်းကျဉ်းတော့ချရောင်းနေတာတွေ့ရပါတယ်။ ဓါတ်ဆီတစ်ဂါလံ ၁၇၀၀၀ ဒီဇယ်တစ်ဂါလံ ၁၈၀၀၀ ထိရောင်ချပေးနေပါပြီ” လို့ပြောပါတယ်။

ကလေး-တမူးကားလမ်းပြန်ဖွင့်ပေမယ့် ကဘော်ဒေသကို ကုန်စည်တွေပို့ဆောင်တဲ့ မဟာမြိုင်ကားလမ်းဟာ မိုးရာသီကြောင့် ကားလမ်းအခြေအနေဆိုးရွားလို့ ကုန်စည်စီးဆင်းမှု ခက်ခဲတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်