ကလေး-ရိခေါ်ဒါရ်နယ်စပ် ယာဉ်စီးခ ၅ ဆထိစျေးတက်

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၃ ရက်ကစပြီး ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကိုတက်လာတာကြောင့် ကလေး-တီးတိန်-ရိခေါ်ဒါရ်ကားလမ်းပိတ်တာကြောင့် တွန်းဇံမြို့နယ်ဘက်ကနေ ပတ်သွားရတာကြောင့် အရင်ကထက် ယာဉ်စီးခ ၅ ဆလောက်စျေးတက်သွားတယ်လို့သတင်းရရှိပါတယ်။

အရင် ကလေး-တီးတိန်-ရိခေါ်ဒါရ်ကားလမ်းအတိုင်းသွားစဉ် ယာဉ်စီးခ တစ်ယောက် တစ်သောင်းခွဲကျော်ကျော်သာပေးရမယ့် အခုတော့ တစ်ယောက်မှာ ယာဉ်စီးခ ၇ သောင်းကနေ ၁သိန်းပေးရတယ်လို့သိရတယ်။

ခရီးသွားပြည်သူတစ်ဦးက “လမ်းကြောင်းကတော့ တီးတိန်းကနေ သိုင်းငင်းအတိုင်းမသွားတော့ပဲ တီးတိန်ကနေ တွန်းဇံကိုသွားတယ်ပြီးတော့ ရာဇာဂြိုလ်လမ်းပေါ်သွားတယ်။ တွန်းဇံကနေ ရာဇာဂြိုလ်သွားတဲ့လမ်းက လမ်းတော်တော်ကြမ်းတယ်။ ကားလမ်းလည်းကျဉ်းတော့ ကားနှစ်စီးရှောင်ဖို့ လမ်းကျယ်တဲ့နေရာထိ နောက်ဆုတ်ပြီးအဲ့လို ရှောင်ကြတာ။ မလွယ်ဘူး အင်မတန်အရေးကြီးတဲ့ကိစ္စမပေါ်ဘူးဆိုအဲ့လမ်းကနေတော့ မသွားတော့ဘူးလို့ဆုံးဖြတ်ထားတယ်” လို့ပြောပါတယ်။

ကားလမ်းကလည်း ပတ်သွားရတယ်ဆိုတော့ ခရီးသွားချိန် ၂ နာရီ ၃ နာရီလောက်ပိုကြာပါတယ်။

Zawgyi

ကလေး-ရိခေါ်ဒါရ်နယ်စပ် ယာဉ်စီးခ ၅ ဆထိဈေးတက်

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၁၃ ရက်ကစပြီး ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကိုတက်လာတာကြောင့် ကလေး-တီးတိန်-ရိခေါ်ဒါရ်ကားလမ်းပိတ်တာကြောင့် တွန်းဇံမြို့နယ်ဘက်ကနေ ပတ်သွားရတာကြောင့် အရင်ကထက် ယာဉ်စီးခ ၅ ဆလောက်ဈေးတက်သွားတယ်လို့သတင်းရရှိပါတယ်။

Tedim-Tonzang road




 

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်