ကလေးမြို့မှာ သဲတင်ကားက မီးအားမြှင့်စက်တိုက်မိလို့ ယာဉ်နောက်လိုက်သေဆုံး

ကလေးမြို့မှာ သဲတင်ကားက မီးအားမြှင့်စက်တိုက်မိလို့ ယာဉ်နောက်လိုက်သေဆုံး

ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက် ဈေးအနီးရှိ မီးအားမြှင့်စက်ကို သဲတင်ကားတစ်စီးက ဒီမနက် (၁၀း၃၀)နာရီခန့်မှာ တိုက်မိလို့ ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး ယာဉ်မောင်းထွက်ပြေးနေပါတယ်။

 

Zalen ad

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးရှင်ပီး(ထွက်ပြေး)မောင်းနှင်လာတဲ့ ကားနံပါတ် MDY- 2P-9707 ဟာ အင်ဒိုင်းကုန်းရပ်ကွက် နယ်မြေ(၆) ပြည်တော်သာလမ်းဘေးရှိ မီးအားမြှင့်စက် 200KVA ကို ဝင်တိုက်မိလို့ ဓာတ်တိုင်သုံးတိုင်ကျိုးပြီး မီးအားမြှင့်စက်တစ်လုံးပျက်စီးသွားပါတယ်။ ယာဉ်မောင် ဦးရှင်ပီးဟာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေးသွားပြီး ယာဉ်နောက်လိုက် ဦးစူးစံ( အသက် ၂၀ ခန့်)မှာ ဒဏ်ရာပြင်းထန်သဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးနောက် သေဆုံးသွားပါတယ်။

ယာဉ်ပိုင်ရှင်မှာ ကလေးမြို့ ချမ်းမြှင့်အောင်စည်ရပ်ကွက်နေ ဦးခိုင်လမ့်ထန်ဖြစ်ပါတယ်။

အင်ဒိုင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပက်တလွန်က “အခု မြို့နယ်လျှပ်စစ်တာဝန်ရှိတဲ့သူတွေနဲ့ ယာဉ်ပိုင်ရှင်တွေ အုပ်ချုပ်ရေးရုံးမှာတွေ့ဆုံနေတယ်။ စက်ဘယ်လောက်ပျက်စီးတယ်ဆိုတာအရင်စစ်ဆေးပြီးမှာ ဘယ်လိုအရေးယူမလဲဆိုတာ ထွက်လာမယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်