ကလေးမြို့အနောက်ဘက်ရပ်ကွက်မှာ ရေရှားလို့ ကလေးလွင်ပြင်က အခမဲ့ရေပေးလှူ

 

 

ကလေးမြို့အနောက်ဘက်ရပ်ကွက်မှာ ရေရှားလို့ ကလေးလွင်ပြင်က အခမဲ့ရေပေးလှူ

ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တာဟန်း၊ နေပြည်တော်နှင့် ကြို့သုံးပင်ရပ်ကွက်တို့တွင် ရေတွင်းရေခမ်း၍ ရေရှားပါးသဖြင့် ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့က အခမဲ့ရေပေးလှူနေပါသည်။

Zalen ad

သြင်္ကန်ကာလကစပြီး ကလေးမြို့တွင် နေ့အပူချိန် ၄၀ ဒီဂရီထိရောက်ရှိလာပြီး ဧပြီလနောက်ဆုံးပတ်များတွင် ၄၁ ဒီဂရီထိမြင့်တက်နေပါသည်။

ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးတင်အောင်ဆင့်က “အဲ့ဖက်မှာရေရှားလာတာ တစ်ပတ်လောက်ရှိပြီ။ ရေတွင်းရေလည်း ခမ်းတော့ ရေပြန်လိုက်နေကြတယ်။ ငွေကြေးလက်ဆောင်လည်း လုံးဝကျနော်တို့မယူဘူး” ဟုပြောပါသည်။

ကလေးလွင်ပြင်အဖွဲ့က မေလ (၁)ရက်နေ့ကစပြီး နေပြည်တော်ရပ်ကွက်၊ တာဟန်း၊ တောင်ဖီလာ၊ ကြို့သုံးပင် ရပ်ကွက်မှာ ရေဂါလံသုံးထောင်ဆံ့ ကားတစ်စီးလှူထားပြီး ယနေ့တွင်လည်း ယင်းရပ်ကွက်တွေမှာ ရေကားတစ်စီးထပ်မံလှူဒါန်းထားပါသည်။ မနက်ဖြန်လည်းထပ်မံပေးလှူရန် ကြိုတင်ရေမှာသောသူရှိနေပြီဟုဆိုပါသည်။

ကလေးမြို့တွင် ရေလိုအပ်ပါက ကလေးလွင်ပြင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုတင်အောင်ဆင့် – ၀၉၄၄၉၁၄၆၆၁၉ ထံအကူအညီတောင်းနိုင်သည်။

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်