ကလေးမြို့ဒေသခံအချို့ကန့်ကွက်တဲ့ မဏီပူရရေလှောင်တံမံဆောက်ဖို့ ဒုသမ္မဆီတင်ပြမယ်လို့ဆို

ဒုသမ္မတရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ မဏီပူရရေလှောင်တံမံတည်ဆောက်ဖို့ တင်ပြမယ်လို့ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရာလ်နှင်ကပြောပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ မနေ့ညနေပိုင်းမှာ ရိခေါ်ဒါရ်မြို့ကနေ ဖလမ်းမြို့ကိုရောက်ရှိခဲ့ပါတယ်။
“မဏီပူရဆည်က ချင်းပြည်နယ်ထဲမှာရှိတော့ ဒီအစိုးရလက်ထက်မှာ ပြန်စစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဆည်က ဖလမ်းအတွက်ပဲမဟုတ်ဘူး ဟားခါးနဲ့ထန်တလန်မြို့တွေတွက်လည်းကောင်းတယ်။ ဆည်ခတ်ရင်တော့ ဗားလ်ထိ စက်လှေနဲ့သွားလို့ရမယ်။ ၁၀ ဘီးကားတွေနဲ့ပစ္စည်းသယ်ရတာ လမ်းလည်းပျက်စီးတယ်။ ရေလမ်းနဲ့ဆို ကလေးက ပစ္စည်းတွေ ဖလမ်းကို ဈေးသက်သက်သာသာနဲ့ရောက်လာမယ်။ ပြီးတော့ သဘာဝဘေးဒဏ်ဖြစ်တဲ့ချိန်မှာလည်း သုံးလို့ရမယ်ဆိုတော့ ဒီရေလမ်းက ဖလမ်း၊ ဟားခါးနဲ့ထန်တလန် ပြည်သူတွေတွက် အသက်အာမခံချက်ဖြစ်သွားမယ်”လို့ ဦးရာလ်နှင်ကပြောပါတယ်။

အရင်နှစ်က ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်သူ့လွှတ်တော်မှာ မဏီပူရဆည်ပြန်လည်တည်ဆောက်ဖို့မေးမြန်းတဲ့ချိန်မှာ ကလေးမြို့ဒေသခံအချို့က ကန့်ကွက်ခဲ့ကြပြီး မကွေးတိုင်းအစိုးရကတော့ သဘောတူခဲ့တယ်လို့လည်းဆိုပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်