ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်း ထိုင်းက တရုတ်ကိုလွှဲပြောင်းပေး

နို၀င်ဘာ ၁၂၊ ၂၀၂၅

Zalen

အွန်လိုင်းငွေလိမ် လုပ်ငန်း ကျားဖြန့်တွေနဲ့ လောင်း ကစားမှုတွေကြောင့် တရုတ်ဘက်က အလိုရှိနေတဲ့ တရုတ်နိုင်ငံသား ရှီကျီကျန်းကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေက တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့တယ်။

မြဝတီမြို့ရှိ ရွှေကုက္ကို တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားအင်ပါယာကို ထူထောင်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရှီကျီကျန်းကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့အတူ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကနေတဆင့် တရုတ်ကို လွှဲပြောင်းပေးခဲ့တာပါ။

Zalen ad

အရှေ့တောင်အာရှရှိ ကာစီနိုတွေနဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာ အဓိကရင်းနှီးမြှုပ်နှံသူ Yatai International Holding Group ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ရှီကျင့်ကျန်းကို အွန်လိုင်းလိမ်လည်မှု၊ တရုတ်နိုင်ငံသားတွေဆီက ဘတ်ငွေဘီလီယံပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ဘန်ကောက်မှာ ဖမ်းဆီးကာ ဗဟိုအကျဉ်းထောင်ထဲ ထိန်းသိမ်းထားခဲ့ပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်ထံကို နိုင်ငံဖြတ်ကျော်ရာဇဝတ်သားအဖြစ် ဖမ်းဆီးပေးဖို့ တရုတ်ဘက်က တောင်းဆိုမှုကြောင့် သူရောက်ရှိနေထိုင်တဲ့ ထိုင်းနိုင်ငံက ၂၀၂၂ ခုနှစ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရှီကျင့်ကျန်းက သူဟာ အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးသာဖြစ်ပြီး တရုတ်လုံခြုံရေးအေဂျင်စီတွေရဲ့ နိုင်ငံရေးနှောင့်ယှက်မှုကို ခံခဲ့ရဝယ်လို့ဆိုကာ စွဲချက်တွေကို အဆက်မပြတ် ခုခံခဲ့ပြီးသူ့ရဲ့အမှုကို ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေနဲ့ညီ၊ မညီ စစ်ဆေးပေးဖို့ တရားရုံးကိုတင်ပြပြီး အသနားခံစာတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ နောက်ဆုံးအပတ်က ရှီကျီကျန်းကို ထိုင်းအကျဉ်းထောင်ကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကနေ ဆုံးဖြတ်ခဲ့ပါတယ်။

Mary

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်