ကြယ် ၄ ပွင့်အဆင့်ရှိတဲ့ ဟိုတယ် (၃)လုံးကို ဟားခါးမြို့တွင်တည်ဆောက်မယ်

ချင်းပြည်နယ်ရဲ့ ပထမဆုံး ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် (၃)လုံးကို ဟားခါးမြို့တွင် တည်ဆောက်ဖို့ ကုမ္ပဏီနဲ့ အစိုးရကြား နားလည်မှုစာချွန်လွှာရေးထိုးလိုက်ပြီလို့သတင်းရရှိပါတယ်။

ဟိုတယ်တည်ဆောက်မယ့် ကုမ္ပဏီတွေကတော့ King Solomon၊ KL Amazing၊ ချမ်းသာရွှေမြေ၊ နဲ့ အောင်ကံသာကုမ္ပဏီ စသည်တို့ဖြစ်ပါတယ်။ King Solomon နဲ့ KL Amazing ကုမ္ပဏီတို့ဟာ ချင်းတိုင်းရင်းသားများ ဦးစီးဆောင်ရွက်တဲ့ကုမ္ပဏီတွေဖြစ်ပြီး အောင်ကံသာကုမ္ပဏီမှာဟားခါးအခြေချ ဝန်ထမ်းတွေဦးစီးထားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက်ကဆိုပါတယ်။ ချမ်းသာရွှေမြေကုမ္ပဏီကတော့ မန္တလေးအခြေစိုက် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “သူတို့က မိုးကုန်ရင်စဆောက်မယ်။ အခု မြေပုံစံ ၁၀၅/၁၀၆ ရေးဆွဲဖို့ မြို့ပြစီမံကိန်းကော်မတီကနေလုပ်ဖို့ အဲ့မြေကိစ္စလေးတွေရှိတယ်။ အဲ့ဒါပြီးရင် စဆောက်မှာပေါ့နော်။ တစ်ချို့က တစ်နှစ်အတွင်းအပြီးဆောက်ဖို့ စီမံကိန်းတင်တာရှိတယ်။ တစ်ချို့က နှစ်နှစ်ကြာမယ်ပေါ့။ ဟိုတယ်တစ်လုံးကို ၄ ဧက နဲ့ ၅ ဧကကြား ပေးထားတယ်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ တစ်ချို့ဟိုတယ်က တစ်လုံးကို သိန်း သုံးသောင်းလောက်ရင်းမယ်။ နောက်တစ်ခုက သိန်း ၄၅၀၀၀ လောက်ရင်းမယ်လို့ပြောတယ်” လို့ဆိုပါတယ်။

ဟိုတယ်တည်ဆောက်မယ့် နေရာကတော့ ဂေါက်ကွင်းနဲ့ ကောလိပ်အကြားနဲ့ အချို့ မြို့ပြစီမံကိန်း ဧရိယာတွင်တည်ဆောက်မှာဖြစ်တယ်။

Zalen ad

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်