ချင်းပြည်နယ်မှာ NLD နိုင်ဖို့အလားအလာမကောင်းဟု ဒေါက်တာရန်မျိုးသိမ်းဆို

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မနက်ဖြန်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ NLD ပါတီက နိုင်ဖို့အလားအလာမကောင်းဘူးလို့ သုံးသပ်ထားပါတယ်။

၎င်းလူမှုကွန်ရက်စာမျက်နှာမှာ သုံးသပ်ထားတာကတော့ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်အနေဖြင့် အနိုင်ရရှိနိုင်ခြေမရှိဟု သုံးသပ်ထားပြီး၊ မတူပီမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)မှာလည်း ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်လို့သုံးသပ်ထားပါတယ်။

၎င်းသုံးသပ်တဲ့ထဲမှာ NLD နိုင်ခြေမရှိတဲ့ နေရာတွေကတော့ ကန်ပက်လက်၊ ရှမ်းပြည်နယ်မှာ၊ လဲချားမြို့နယ်၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်တွေဖြစ်ပါတယ်။

NLD ပါတီက အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေကတော့ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
အမှတ်(၂)၊ မတူပီမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)၊ တမူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)၊  မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မဲဆန္ဒနယ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ တိုင်းဒေသကြီး
လွှတ်တော်မဲဆန္ဒနယ်(၂) တွေဖြစ်ပါတယ်။

Zalen ad

NLD ပါတီနိုင်ခြေများတဲ့ မဲဆန္ဒနယ်တွေကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပြည်သူ့
လွှတ်တော်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တိုင်း
ဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁) တွေဖြစ်တယ်လို့ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်