ချင်းပြည်နယ်တွင် နှစ်နှစ်အတွင်း ကော်ဖီစိုက်ဧက နှစ်ဆကျော်တိုးမြှင့်ဖို့ ရည်မှန်း

ချင်းပြည်နယ်တွင် နှစ်နှစ်အတွင်း လက်ရှိကော်ဖီစိုက်ဧကရဲ့ နှစ်ဆကျော်တိုးမြှင့်စိုက်ပျိုးမယ်လို့ ချင်းပြည်နယ်ကော်ဖီအသင်းက ရည်မှန်းထားပါတယ်။

လက်ရှိချင်းပြည်နယ်တွင် ကော်ဖီစိုက်ပျိုးတဲ့ ဧက ၇၀၀ ရှိပြီး ၂၀၂၁ ခုနှစ်တွင် ဧက ၂၅၀၀ စိုက်ပျိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ကော်ဖီအသင်း ဥက္ကဌ ကိုမာဟုန်း က “မြို့နယ်တိုင်းက ချင်းကော်ဖီအသင်းသားတွေက ကိုယ်ထူကိုယ်ထနဲ့ ပျိုးခင်းလုပ်ဖို့လိုပါမယ်။ အစိုးရကတော့ အခမဲ့ကော်ဖီ ပျိုးပင်တွေပေးနေပေမယ့် တစ်မြို့နယ်မှာ ၁၀ ရွာကျော်ကျော်လောက်ပဲပေးနိုင်မယ်။ ပြီးတော့ ပျိုးပင်ဝေတဲ့ချိန်မှာ တောင် နဲ့ မြောက် ညီတူညီမျှရအောင်စီစဉ်ဖို့လိုပါမယ်။ ဒီလ ၇ ရက်၊ နဲ့ ၈ရက်မှာ မန္တလေးမှာ ကော်ဖီပွဲရှိတော့ အဲ့ချိန်မှာ မြန်မာကော်ဖီဌာန ညွှန်မှူး ဦးမြင့်ဆွေက ချင်းကော်ဖီအသင်းနဲ့တွေ့ချင်တယ်လို့ပြောတယ်။ သူနဲ့ တွေ့ပြီးမှာ ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတဲ့အသေးစိတ်တွေပြောလို့ရမယ်” လို့ပြောပါတယ်။

တီးတိန်မြို့နယ် ထေးဇန် ကော်ဖီခြံကနေ ၂၀၁၇ ခုနှစ်တွင် ကော်ဖီ နဲ့ မြောက်ငို ပျိုးပင် တစ်သိန်း၊ ၂၀၁၈ ခုနှစ်တွင် ကော်ဖီ ပျိုးပင် တစ်သိန်း၊ ၂၀၁၉ ခုနှစ်တွင် ကော်ဖီပျိုးပင် ၃ သိန်း အခမဲ့ ဖြန့်ဝေလျက်ရှိပါတယ်။

Zalen ad

ချင်းပြည်နယ်ကော်ဖီအသင်းဟာ ၂၀၁၉ ခုနှစ် ဇူလိုင် (၁၂)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်