ချင်းပြည်နယ်အတွင်း သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးတဲ့စာရင်းတွင် စစ်ကောင်စီနဲ့ ICNCC ထုတ်ပြန်ချက် ထောင်ဂဏန်းထိကွာဟ

မေလ ၁၄ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းကြောင်း ချင်းပြည်နယ်တွင်ပျက်စီးထိခိုက်မူများ ဖြစ်ပေါ်ခဲ့သည့် ပလက်ဝ၊ တီးတိန်၊ ဟားခါး၊ မတူပီမြို့၊ (၄) မြို့နယ်အား စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကျရောက်သေဒေသဖြစ် ကြေညာထားသည်။

စစ်ကောင်စီက ချင်းပြည်နယ်အတွင်း လူနေအိမ် (၁၂၉) လုံး၊ သာသနိက အဆောက်အအုံ (၁) လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း၊ ဆေးရုံး/ဆေးခန်း (၂)ခု၊ ဓာတ်မီးတိုင်(၄)၊ ဌာနဆိုင်ရာအဆောက်အဦး (၃၀)ခု၊ ဘောလုံးကွင်း ၁ ခု ပျက်စီးသွားခဲ့ကြောင့် ထုတ်ပြန်ထားသည်။

ဒါပေမယ့် ICNCC ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်း အိမ်ခြေ (၁၇၇၄)လုံး၊ ဘာသာရေးအဆောက်အဦး (၂၉)လုံး၊ ကျန်းမာရေးအဆောက်အဦး( ၅)ခု ၊စာသင်ကျောင်း (၃၀)လုံး၊ စပါးကျီး (၁၉ ) ပျက်စီးခဲ့သည်ဟု သိရှိရသည်။

 ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ထုတ်ပြန်ချက်အရ မင်းတပ်မြို့နယ်တွင် အိမ်ခြေ (၃၆၄)လုံး၊ ဘာသာရေးအဆောက်အအုံ (၇)ခု၊ စာသင်ကျောင်း (၁၈)လုံး၊ စပါးကျီး(၁၇) ခု အဖြစ် ချင်းပြည်နယ်တွင် ပျက်စီးဆုံးရှုံးမူ အများဆုံးဖြစ်သည်။ မတူပီမြို့နယ်တွင် အိမ်ခြေ (၈၈၇)လုံး၊ ဘာသာရေးအဆောက်အဦး (၇)ခု၊ ကျန်းမာရေးအဆောက်အဦး(၁)လုံး၊ ပလက်ဝမြို့နယ်တွင် အိမ်ခြေ (၂၂၀)လုံး၊ ဘာသာရေးအဆောက်အဦး (၂)လုံး၊ ကျန်းမာရေးအဆောက်အဦး(၁)လုံး၊ စာသင်ကျောင်း(၁)လုံး၊ တီးတိန်မြို့နယ်တွင် အိမ်ခြေ (၅)၊ ဟားခါးမြို့နယ်တွင် အိမ်ခြေ (၈၅)လုံး၊ ဘာသာရေးအဆောက်အဦး (၁)၊ ထန်တလန်မြို့နယ်တွင် အိမ်ခြေ (၂၇) လုံးနှင့် ကန်ပက်လက်မြို့နယ်တွင် အိမ်ခြေ (၁၁၂)လုံး၊ ဘာသာရေးအဆောက်အဦး (၃)လုံး၊ စာသင်ကျောင်း (၅)လုံး၊ စပါးကျီး (၂)ခု အသီးသီး ပျက်စီးခဲ့သည်။

စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကျရောက်သေဒေသဖြစ်ကြေညာချက်ထဲမှာ ပျက်စီးဆုံးရှုံးမှုအများဆုံး မင်းတပ်မြို့နယ်လည်း မပါဝင်ခဲ့ပါ။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်