ချင်းပြည်နယ် စစ်ကောင်စီရဲ့တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းရှိဟုဆို

အာဏာသိမ်းစစ်ကောင်စီတက်လာပြီး ပထမဆုံးအကြိမ်ခေါ်ယူတဲ့ ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးမှာ ချင်းပြည်နယ်တွင် တင်ဒါလျှောက်သူ ၅၀ ရာခိုင်နှုန်းလောက်ရရှိပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဒေသတွေက လုပ်ငန်းအားလုံးနီးပါးလျှောက်ထားကြတယ်လို့ ချင်းပြည်နယ် ဝန်ထမ်းတစ်ဦးထံကနေ သတင်းရရှိထားပါတယ်။

ကြားကာလ ဘဏ္ဍာရေးနှစ်ဆိုတာ ၂၀၂၁ အောက်တိုဘာလ ကနေ ၂၀၂၂ ခုနှစ် မတ်လကုန်အထိဖြစ်ပါမယ်။ NLD အစိုးရလက်ထက်က ပြင်ဆင်ထားတဲ့ ဘာဏ္ဍာရေးနှစ်ကိုပြောင်းလဲကာ အရင်က ဦးသိန်းစိန်အစိုးရလက်ထက်ကျင့်သုံးခဲ့တဲ့ ဧပြီလကနေ မတ်လအထိ ဘဏ္ဍာရေးစနစ်ကိုပြန်လည်ကျင့်သုံးမှာဖြစ်တယ်။

ဟားခါးမြို့ ဝန်ထမ်းတစ်ဦးက “ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်က တင်ဒါအားလုံးနီးပါးလျှောက်ကြတယ်။ ကျန်မြို့နယ်တွေကတော့ ၅၀ ရာခိုင်နှုန်းလောက်လျှောက်လာကြတယ်။ လုပ်ငန်းကတော့ ကျေးလက်လည်းပါတယ်။ နတလဆိုရင် အများကြီးပဲ။ အခုတော့ ဗမာကုမ္မဏီတွေမလာတော့ဘူး။ တိုက်ပွဲမဖြစ်တဲ့ အဆင်ပြေတဲ့လုပ်ငန်းတွေဆို လုနေကြတယ်” လို့ပြောပါတယ်။

အခု တင်ဒါခေါ်နေတဲ့ထဲမှာ လုပ်ငန်းတန်ဖိုးအများဆုံးက ကျပ်သန်း ၅၀၀ အထိရှိပါတယ်။ ဇူလိုင်လတုန်းက CDF-Hakha က အောက်တိုဘာလကနေစတင်မယ့် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ငန်းတွေဆက်လက်လုပ်ကိုင်တဲ့ ကုမ္မဏီနဲ့အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့တယ်။

Zalen ad

Zawgyi

ခ်င္းျပည္နယ္ စစ္ေကာင္စီရဲ႕တင္ဒါေလွ်ာက္ထားသူ ၅၀ ရာခိုင္ႏႈန္းရွိဟုဆို

အာဏာသိမ္းစစ္ေကာင္စီတက္လာၿပီး ပထမဆုံးအႀကိမ္ေခၚယူတဲ့ ၂၀၂၁-၂၀၂၂ ၾကားကာလ ဘ႑ာေရးမွာ ခ်င္းျပည္နယ္တြင္ တင္ဒါေလၽွာက္သူ ၅၀ ရာခိုင္ႏႈန္းေလာက္ရရွိၿပီး တိုက္ပြဲျဖစ္ပြားမႈမရွိတဲ့ ေဒသေတြက လုပ္ငန္းအားလုံးနီးပါးေလၽွာက္ထားၾကတယ္လို႔ ခ်င္းျပည္နယ္ ဝန္ထမ္းတစ္ဦးထံကေန သတင္းရရွိထားပါတယ္။

ၾကားကာလ ဘ႑ာေရးႏွစ္ဆိုတာ ၂၀၂၁ ေအာက္တိုဘာလ ကေန ၂၀၂၂ ခုႏွစ္ မတ္လကုန္အထိျဖစ္ပါမယ္။ NLD အစိုးရလက္ထက္က ျပင္ဆင္ထားတဲ့ ဘာ႑ာေရးႏွစ္ကိုေျပာင္းလဲကာ အရင္က ဦးသိန္းစိန္အစိုးရလက္ထက္က်င့္သုံးခဲ့တဲ့ ဧၿပီလကေန မတ္လအထိ ဘ႑ာေရးစနစ္ကိုျပန္လည္က်င့္သုံးမွာျဖစ္တယ္။

ဟားခါးၿမိဳ႕ ဝန္ထမ္းတစ္ဦးက “ပလက္ဝ၊ တီးတိန္၊ တြန္းဇံ၊ ဖလမ္းၿမိဳ႕နယ္က တင္ဒါအားလုံးနီးပါးေလၽွာက္ၾကတယ္။ က်န္ၿမိဳ႕နယ္ေတြကေတာ့ ၅၀ ရာခိုင္ႏႈန္းေလာက္ေလၽွာက္လာၾကတယ္။ လုပ္ငန္းကေတာ့ ေက်းလက္လည္းပါတယ္။ နတလဆိုရင္ အမ်ားႀကီးပဲ။ အခုေတာ့ ဗမာကုမၼဏီေတြမလာေတာ့ဘူး။ တိုက္ပြဲမျဖစ္တဲ့ အဆင္ေျပတဲ့လုပ္ငန္းေတြဆို လုေနၾကတယ္” လို႔ေျပာပါတယ္။

အခု တင္ဒါေခၚေနတဲ့ထဲမွာ လုပ္ငန္းတန္ဖိုးအမ်ားဆုံးက က်ပ္သန္း ၅၀၀ အထိရွိပါတယ္။ ဇူလိုင္လတုန္းက CDF-Hakha က ေအာက္တိုဘာလကေနစတင္မယ့္ အာဏာသိမ္းစစ္တပ္ရဲ့ လုပ္ငန္းေတြဆက္လက္လုပ္ကိုင္တဲ့ ကုမၼဏီနဲ႔အဖြဲ႕အစည္းေတြကို ျပင္းျပင္းထန္ထန္အေရးယူမယ္လို႔ သတိေပးစာထုတ္ျပန္ခဲ့တယ္။

 

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်