ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကိုဖွဲ့စည်းပြီး မကြာခင် အမှုလက်ခံဆောင်ရွက်တော့မယ်ဟုဆို

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး မကြာခင် အမှုလက်ခံဆောင်ရွက်တော့မယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးထံမှသတင်းရရှိပါတယ်။

ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တွင် အင်အား ၁၀၀ လောက်ရှိပြီး CDM ရဲအရာရှိများကဦးဆောင်ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီများရဲ့ လူမဆန်စွာကျူးလွန်သည့်ပြစ်မှုများနှင့် အရမ်းခက်ခဲကြမ်းတမ်းတဲ့ ဒီတော်လှန်ရေးကာလကို အခွင့်ကောင်းယူပြီး ပြစ်မှုအမျိုးမျိုးကျူးလွန်သူများအား တရားမျှတမှုရှိစေရေးအတွက် အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မကြာမီအချိန်ကာလတွင် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဆောင်ရွက်ပါတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် CDM ရဲများအစည်းအဝေးကျင်းပကာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီဟာ ရွေးကောက်ပွဲစနစ်ဖြင့် ရွေးကောက်တင်မြောက်တဲ့ CDM ရဲအရာရှိများမှ ဦးဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ရဲ့ အသိအမှတ်ပြုခြင်းခံရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ရည်ရွယ်ချက် (၁၁) ချက်ရှိပြီး အရေးကြီးတဲ့အချက်တွေကတော့ အဓမ္မအာဏာသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်အာဏာရှင်များနဲ့ ၎င်းတို့ရဲ့ လက်အောက်ငယ်သားများအား ဥပဒေနဲ့အညီ အရေးယူနိုင်ရန်၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးတရားစွဲတင်နိုင်ရန်၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရန်၊ အရေးကြီးပုဂ္ဂိုလ် ပြည်သူ့ခေါင်းဆောင်များရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်၊ ချင်းပြည်နယ်တွင် ဖွဲ့စည်းပြီးသည့်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်ကွပ်ကဲပြီး မဖွဲ့စည်းနိုင်သေးသည့် မြို့နယ်များတွင်လည်း မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ ဖွဲ့စည်းနိုင်ရေးကူညီဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုများရဲ့ အသက်အိုးအိမ်စည်းစိမ်းများ ကာကွယ်စောင့်ရှောက်နိုင်ရန် တို့ဖြစ်ပါတယ်။

https://www.facebook.com/profile.php?id=100089928440965

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်