ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဗန်ထောင်မွလ်လွန် မီဇိုရမ်မှာ ကွယ်လွန်

ဧပြီ ၂၃၊ ၂၀၂၆

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ချင်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဗန်ထောင်မွလ်လွန်ဟာ ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဦးဗတ်ထောင်မွလ်လွန်ဟာ အစာအိမ်ကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဧပြီလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောဆေးရုံမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။

Zalen ad

ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပြီဖြစ်ပြီး ၎င်းဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ခွါရွာဇာတိဖြစ်ပါတယ်။

ဦးဗန်ထောင်မွလ်လွန်ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝန်ကြီးချုပ် ဦးဟုန်းငိုင်း ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၎င်းဟာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ချင်းပြည်နယ်ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ အကူအညီများရရှိဖို့ အဓိကကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

ဦးဗန်ထောင်မွလ်လွန်ဟာ ဒေသတွင်း ဆင်းရဲနွမ်းပါးသူများအပေါ် စာနာထောက်ထားတတ်ပြီး လူချစ်လူခင်များသော ခေါင်းဆောင်တစ်ဦးဖြစ်သူလည်းဖြစ်ပါတယ်။

၎င်းရဲ့ ရုပ်အလောင်းကို အိုက်ဇောမြို့မှတဆင့် ဇာတိမြေ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ပြန်လည်သယ်ဆောင်ကာ သင်္ဂြိုဟ်သွားမည်ဖြစ်တယ်လို့ သိရှိရပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်