ဂန့်ဂေါမြို့အနီး ကားလမ်းဘေးတွင် ဆိုင်ကယ်နဲ့ အမည်မသိအမျိုးသားတစ်ဦးမီးလောင်

ဂန့်ဂေါမြို့ရဲ့မြောက်ဘက် မိုင်(၂၀)အကွာ ဂန့်ဂေါ-ကလေးလမ်းမဘေးတွင် ဆိုင်ကယ်တစ်စီးနဲ့အတူ အမည်မသိအမျိုးသားတစ်ဦး မတ်လ (၁၁)ရက်က မီးလောင်သေဆုံးကြောင်း သတင်းရရှိပါတယ်။

ဂန့်ဂေါမြို့နယ် ကန်ရွာအနီး ခပဲချောင်းဘေး ချောက်ထဲတွင် ဆိုင်ကယ်ထိုးကျပြီးမီးလောင်သွားတာဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက အလောင်းကို ဂန့်ဂေါဆေးရုံသို့ပို့ပြီး သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုံစမ်းနေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

မီးလောင်သွားတဲ့သူဟာ ရုပ်ပုံသဏ္ဍာန်မသိရလောက်အောင် ပျက်စီးပြီး ၎င်းစီးနှင်တဲ့ဆိုင်ကယ်ကတော့ KENBO ၄၄ ယ/ ၄၆၈၂၀ ဖြစ်ပါတယ်။

(Zawgyi)

ဂန႔္ေဂါၿမိဳ႕အနီး ကားလမ္းေဘးတြင္ ဆိုင္ကယ္နဲ႔ အမည္မသိအမ်ိဳးသားတစ္ဦးမီးေလာင္

ဂန႔္ေဂါၿမိဳ႕ရဲ႕ေျမာက္ဘက္ မိုင္(၂၀)အကြာ ဂန႔္ေဂါ-ကေလးလမ္းမေဘးတြင္ ဆိုင္ကယ္တစ္စီးနဲ႔အတူ အမည္မသိအမ်ိဳးသားတစ္ဦး မတ္လ (၁၁)ရက္က မီးေလာင္ေသဆုံးေၾကာင္း သတင္းရရွိပါတယ္။

ဂန႔္ေဂါၿမိဳ႕နယ္ ကန္႐ြာအနီး ခပဲေခ်ာင္းေဘး ေခ်ာက္ထဲတြင္ ဆိုင္ကယ္ထိုးက်ၿပီးမီးေလာင္သြားတာျဖစ္ပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ဂန႔္ေဂါၿမိဳ႕နယ္ ရဲစခန္းသို႔ ဖုန္းဆက္ေမးျမန္းရာ တာဝန္ရွိသူတစ္ဦးက အေလာင္းကို ဂန႔္ေဂါေဆး႐ုံသို႔ပို႔ၿပီး ေသဆုံးသူ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း စုံစမ္းေနဆဲျဖစ္တယ္လို႔ ျပန္လည္ေျဖၾကားပါတယ္။

မီးေလာင္သြားတဲ့သူဟာ ႐ုပ္ပုံသ႑ာန္မသိရေလာက္ေအာင္ ပ်က္စီးၿပီး ၎စီးႏွင္တဲ့ဆိုင္ကယ္ကေတာ့ KENBO ၄၄ ယ/ ၄၆၈၂၀ ျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်