ငဖဲ ကပစ ၁၄ ကို CDF-Asho နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး စစ်ကောင်စီ အရာရှိတဦးအပါအဝင် သုံးဦး သေဆုံး

ဧပြီ ၂၃၊ ၂၀၂၆

Zalen

Zalen ad

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က မနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဧပြီလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ကပစ (၁၄) အတွင်းရှိ ကာကွယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ ထုတ်လုပ်ရေးစက်ရုံတည်ရှိရာ နေရာတွေကို ပစ်မှတ်ထား၍ ရှော့တိုက်ဒုံးတွေနဲ့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့တဲ့အပြင် စစ်ကောင်စီ ဗိုလ်အဆင့်ရှိ အရာရှိတစ်ဦးနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် နှစ်ဦးတို့ ပွဲချင်း သေဆုံးခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စခန်းအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ကြောက်လန့်တကြားဖြင့် စခန်းစွန့်ခွာ ထွက်ပြေးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီလို ထွက်ပြေးကြတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက အချင်းချင်း ပြန်လည်လိုက်လံဖမ်းဆီးနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် – အရှို နဲ့ လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်

သတင်း-ဆလိုင်း

#ငဖဲ#CDF-ASHO#ကပစ၁၄#Zalen

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်