စက်တင်ဘာလတွင်း တိုက်ပွဲတွင်  အမှတ် ၁ စစ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄၂ ဦးကျဆုံး

အိုက်ခူမီး/ ၁၇၊ အောက်တိုဘာလ၊ ၂၀၂၃

Zalen

စက်တင်ဘာလတွင်း တိုက်ပွဲတွင်  အမှတ်(၁) စစ်ဒေသရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄၂ ဦး ကျဆုံးပြီး၊ ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမှတ် ၁ စစ်ဒေသရှိ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၃၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦး သေဆုံးကာ ၃၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆိုပါတယ်။

PDF တပ်ဖွဲဝင်တွေက စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ၁၄၅ ကြိမ် တိုက်ခိုက်ပြီး ပစ်ခတ်တိုက်ခိုက်မူ ၅၅ ကြိမ်ထိ ရှိတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

စစ်ကောင်စီက တိုက်ပွဲအတွင်း လေကြောင်းဖြင့် ၅ ကြိမ်၊ ဒရုန်းဖြင့် ၆ ကြိမ် တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်း တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၄၆ လက်၊ ကျည် ၃၅၁၈ ခု၊ ဗုံးသီး ၅ လုံးနဲ့ မိုင်း ၃ ခုအား  PDF တပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ ဦး သတ်ဖြတ်ခံရပြီး ချင်းပြည်နယ်က သုံးဦး ပါ၀င်

၄၊စက်တင်ဘာ၊ ၂၀၂၄ Zalen ၂၀၂၄ ခုနှစ် ဩဂုတ်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ...

ဆက်ဖတ်ရန်