စခန်းမှူးဖမ်းဆီးခံရပြီးနောက်ပိုင်း ဆမီးမြို့ အဝင်၊ အထွက်ကို စစ်ကောင်စီက တင်ကြပ်ထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ အဝင်၊ အထွက်ကို စစ်ကောင်စီက စစ်ဆေးမေးမြန်းမူတွေ လုပ်ဆောင်ပြီး တင်းကြပ်ထားတယ်လို့ သတင်းရရှိသည်။

ဆမီးမြို့ အမှတ် (၂) ရပ်ကွက်ရှိ ယာယီ စခန်းမှူး နိုင်ဇော်အောင်အား စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့စည်းက ဖမ်းဆီးပြီးနောက် စစ်ဆေးမူတွေ တင်းကြပ်ထားတာလို့ ဒေသခံတွေက ဆိုသည်။

” ဆမီးမြို့ အဝင်၊ အထွက်ကို အရမ်းစစ်တယ်၊ အထူးသဖြင့် နယ်က လူတွေ အရမ်းစစ်တယ်၊ ဘယ်ကလဲ၊ ဘယ်ရွာကလဲ၊ ဘယ်သွားမလဲ၊ ဘာလုပ်မှာလဲ ဆိုပြီး စစ်ဆေးမေးမြန်းတယ်”ဟု ဆိုသည်။

ဖမ်းဆီးခံထားရသည့် ယာယီ စခန်းမှူးသည် ယခုအချိနိထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ စစ်ကောင်စီက ဆမီးမြို့တွင် ဂိတ် (၃) ခုဖွင့်ပြီး စစ်ဆေးမူတွေပြုလုပ်လျှက်ရှိသည်ဟု သိရှိရသည်။ ဆမီးမြို့ပေါ် သို့နယ်ကျေးရွာမှ စျေးလာဝယ်သည့် ဒေသခံများ၏ ဆန်နဲ့ စားသောက်ကုန်ပစ္စည်းများပါ စစ်ကောင်စီက မယုံသင်္ကာပုံစံဖြင့် စစ်ဆေးမေးမြန်းပြီး၊ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်နွယ်ပတ်သက်မူရှိသည့် ပုံစံနဲ့ စွပ်စွဲမေးမြန်းမူတွေလည်း ပြုလုပ်သည်ဟု ဒေသကတွေက ဆိုသည်။

” ဆန်က တစ်အိတ်လောက်ဝယ်တာ တစ်မိသားစုစားဖို့ အဲ့လောက်ဝယ်စရာမလိုဘူး၊ ဘယ်သူ့အတွက် အပိုဝယ်ပေးတာလဲ ဆိုပြီး မေးတယ်၊ တစ်ခါတည်း ဝယ်နိုင်တာ ဘယ်က ပိုက်ဆံရလဲ ဆိုတာလည်း မေးတယ်”ဟု ဆိုသည်။

တစ်ပတ်ကြာထိ ​ယာယီ စခန်းမှူး နိုင်ဇော်အောင် ဖမ်းဆီးမူနှင့်ပတ်သက်ပြီး ဆမီးမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် CDF-Paletwaနဲ့ CNA တို့က တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်