စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အလံနဲ့ တံဆိပ် မပြောင်းလဲဖို့ မဲခွဲဆုံးဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့ အလံနဲ့ တံဆိပ်ကို အစိမ်းရောင်ကနေ အနီရောင်သို့ မပြောင်းလဲဖို့ ဒီကနေ တိုင်းဒေသကြီးလွတ်တော်မှာ မဲခွဲဆုံးဖြတ်ကြပါတယ်။

ဒီကနေ့(မတ် ၆ရက်) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၇၈)ရှိတဲ့ထဲမှာ ထောက်ခံမဲ (၄) ကန့်ကွက်မဲ (၄၇) ကြားနေမဲ (၂၇)အသီးသီးရရှိပါတယ်။

တိုင်းဒေသကြီး အလံနဲ့ တံဆိပ် ပြုပြင်ပြောင်းလဲရန်တိုက်တွန်းကြောင်းအဆိုကို မုံရွာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ၂၀၁၈ ခုနှစ် ဇွန်လ(၁၁)ရက်တွင် တင်သွင်းပြီးလွှတ်တော်ဆက်လက်ဆွေးနွေးရန်မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၅၆)မဲနဲ့ ကန့်ကွက်မဲ(၂၅)မဲနဲ့အနိုင်ရခဲ့လို့ ၂၀၁၉ ခုနှစ် မတ်လ(၅)ရက်နေ့မှာ ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်