စစ်ကောင်စီလက်ပါးစေ ဒေါက်တာမှုထန်က ချင်းပြည်နယ်အတွင်း စည်းရုံးရေးလှည့်လည်

စစ်တပ်အာဏာမသိမ်းခင်အထိ ထန်တလန်မြို့နယ်ပြည်သူများက လေးစားချစ်ခင်ကြတဲ့ ဒေါက်တာမှုထန်ဟာ စစ်ကောင်စီက ၎င်းတို့ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်ပြီးနောက် စက်တင်ဘာ ဒုတိယပတ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီကိုထောက်ခံဖို့ စည်းရုံးရေးဆင်းနေတယ်လို့သတင်းရရှိပါတယ်။

စက်တင်ဘာ ၁၂ ရက်မနက် ၁၁ နာရီတွင် ပလက်ဝမြို့၊ ကီမိုခန်းမတွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လုံ၊နယ်ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်မှူး၊ ဌာနဆိုင်ရာအကြီးအကဲများ နဲ့ ပြည်သူများတွေ့ဆုံကြပါတယ်။  

စက်တင်ဘာ ၁၄ ရက်တွင် ကလေးမြို့နယ် စုပေါင်းရုံးမှာ ဌာနဆိုင်ရာများနဲ့လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ဟားခါးမြို့ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်းများနဲ့တွေ့ဆုံကြတယ်။

စက်တင်ဘာ ၁၆ ရက်တွင်မနက်ပိုင်းတွင် ဖလမ်းမြို့ ၊ နယ်မြေတပ်ရင်းအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနဲ့တွေ့ဆုံကြပြီး မွန်းလွဲပိုင်းမှာ တီးတိန်မြို့ ၊ နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမမှာ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖတို့နဲ့တွေ့ဆုံကြပါတယ်။

ယခုခရီးစဉ်ရဲ့ အဓိကရည်မှန်းချက်မှာ စစ်ကောင်စီရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉)ရပ်ကိုရှင်းပြပြီး ပြည်သူများရဲ့လိုအပ်ချက်ကိုမေးမြန်းကာ စစ်ကောင်စီကို ထောက်ခံကြဖို့ စည်းရုံးရေးဆင်းခြင်းကြောင်းသိရတယ်။

ထိုနည်းတူစွာ ကချင်တိုင်းရင်းသူ စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူလည်း ကချင်ပြည်နယ် မြို့နယ်အနှံ့မှာလည်းကောင်း၊ ကရင်တိုင်းရင်းသား စစ်ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းလည်း ကရင်ပြည်နယ်၊ မြို့နယ်အနှံ့မှာလည်းကောင်း၊ ရခိုင်တိုင်းရင်းသား စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေလည်း ရခိုင်ပြည်နယ်၊ မြို့နယ်အနှံ့မှာလည်းကောင်း၊ ရှမ်းတိုင်းရင်းသား စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း နဲ့ ဦးရန်ကျော်တို့လည်း ရှမ်းပြည်နယ်၊ မြို့နယ်အနှံ့မှာလည်းကောင်း စည်းရုံးရေးသဘော လှည့်လည်ကြကြောင်းသတင်းရရှိပါတယ်။  

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်