စစ်ရှောင်စခန်း နှစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ၁ ဦးသေ ၊ ၅ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ဇန်နဝါရီ ၂၁၊၂၀၂၆
Zalen
မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ဆောမြို့နယ် ၊လယ်ကြီးအိုင့်ကျေးရွာ က စစ်ရှောင်စခန်း နဲ့ ချောင်းခွ စစ်ရှောင်စခန်းကို ယမန်နေ့ ဇန်နဝါ ရီ လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက် ခိုက်ခဲ့ပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ ဂျက်ဖိုက်တာနဲ့ ရော့ကက် ၅ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၃ ဦး ၊ အမျိုးသား နှစ်ဦး ဒဏ်ရာရကာ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
” ချောင်းခွ စစ်ဘေးရှောင် နတ်စဉ်နားမှာ သုံးချက်ပစ်တယ်။ လယ်ကြီးအိုင့် ဘုန်းကြီး ကျောင်း နား လမ်းမကို နှစ်ချက်ပစ်တယ်။အဲဒါလည်း စစ်ရှောင်စခန်းကိုပဲပစ်တာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။
ဆက်လက်ပြီး ဒဏ်ရာပြင်းထန်လွန်းတာကြောင့်အသက် ၆၀ ကျော် ဦးဖေခင်ကတော့ သေဆုံးသွားပြီး နောက်ထပ် ဒဏ်ရာ ပြင်းထန်တဲ့ သူတွေကိုလည်း ဆေးကုသမှုခံယူကြဖို့ ဆေးခန်းပို့ထားတယ်လို့ ရှင်းပြပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်စီးကား ၊ လူနေအိမ် နှစ်လုံး ၊ ဆိုင်ကယ်ပြင်ဆိုင် ကအရောင်းပစ္စ္စး တွေပျက်စီးသွားတယ်လို့ သိရပါတယ်။
လက်ရှိ အချိန်မှာတော့ စစ်ရှောင်စခန်းရှိစစ်ဘေးရှောင်တွေက နေအိမ်တွေမှာ မအိပ်ရဲကြတော့ဘဲ နီးစပ်ရာ နေရာတွေမှာ ညအိပ် နေရတယ်လို့ပြောပါတယ်။
ကျောက်ထု အမြောက်တပ် (အမတ-၃၆၈) ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း စစ်ကြောင်းထွက်နေတာကြောင့် မြေပြင်စစ်ကြောင်း ၀င်ရောက်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်း ၊ နေ့ခင်းပိုင်းတွေမှာ စစ်ကောင်စီက ကျောက်ထုနယ်အနီးတစ်ဝိုက် ကို UAV ဒရုန်း ၊ ATR 47 ကင်းထောက် တွေနဲ့ ပျံဝဲကင်းပတ်နေတယ်လို့ ဆိုကြပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်