စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးများ ကလေးမြို့မှာဖမ်းမိ

တမူးမြို့မှ ကလေးမြို့သို့သွားတဲ့ ရွှေကဘော်ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူ(၃)ဦးက စအိုအတွင်းသိုဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေး ကျပ်(၁၄)သိန်းဖိုးကို သြဂုတ်လ(၂၄)ရက်ညနေပိုင်းတွင် ကလေးမြို့ မူးယစ်တပ်ဖွဲ့စုကဖမ်းမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအဝင် နန်းကျစ်လှောက်တံတားအနီးတွင် မူးယစ်တပ်ဖွဲ့စု(၅)က စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မျ ကလေးမြို့သို့မောင်းနှင်လာတဲ့ ရွေကဘော်မော်တော်ယာဉ်ကို ရပ်တန့်စေပြီး အောင်နိုင်ဝင်း(၃၃ နှစ်)၊ မထောင်နိုင်လမ်း(ခ)နှင်းဆီ( ၂၂ နှစ်)၊နဲ့ ကိတ်ကပ်ထန်(ခ)မောင်မောင်(၂၅ နှစ်)တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးဝါး ကျပ်(၁၄)သိန်းဖိုးကို လက်ဝယ်တွေ့ရျိသဖြင့် မယ(ပ)၁၁၁/၁၈၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြစ်အသီးသီးအမှုဖွင့်ထားကြောင်း ကလေးမြို့ ရဲမှတ်တမ်းအရသိရတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်