စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးများ ကလေးမြို့မှာဖမ်းမိ

တမူးမြို့မှ ကလေးမြို့သို့သွားတဲ့ ရွှေကဘော်ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူ(၃)ဦးက စအိုအတွင်းသိုဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေး ကျပ်(၁၄)သိန်းဖိုးကို သြဂုတ်လ(၂၄)ရက်ညနေပိုင်းတွင် ကလေးမြို့ မူးယစ်တပ်ဖွဲ့စုကဖမ်းမိတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအဝင် နန်းကျစ်လှောက်တံတားအနီးတွင် မူးယစ်တပ်ဖွဲ့စု(၅)က စောင့်ဆိုင်းနေစဉ် တမူးမြို့ဘက်မျ ကလေးမြို့သို့မောင်းနှင်လာတဲ့ ရွေကဘော်မော်တော်ယာဉ်ကို ရပ်တန့်စေပြီး အောင်နိုင်ဝင်း(၃၃ နှစ်)၊ မထောင်နိုင်လမ်း(ခ)နှင်းဆီ( ၂၂ နှစ်)၊နဲ့ ကိတ်ကပ်ထန်(ခ)မောင်မောင်(၂၅ နှစ်)တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့စအိုအတွင်းသိုဝှက်လာတဲ့ မူးယစ်ဆေးဝါး ကျပ်(၁၄)သိန်းဖိုးကို လက်ဝယ်တွေ့ရျိသဖြင့် မယ(ပ)၁၁၁/၁၈၊ မူးစိတ်ပုဒ်မ-၁၉(က)ဖြစ်အသီးသီးအမှုဖွင့်ထားကြောင်း ကလေးမြို့ ရဲမှတ်တမ်းအရသိရတယ်။

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်