ဆော – ကျောက်ထု လမ်းပိုင်းအား မနက်ဖြန်ကစ ဖြတ်သန်းသွားလာခွင့်ပြုမယ်

၁၀၊ မေလ၊ ၂၀၂၄။

Zalen

မကွေးတိုင်း၊ ဆော-ကျောက်ထု ကားလမ်းပိုင်းကို ၅ရက်ကြာပိတ်ပြီးနောက် မနက်ဖြန် မေလ ၂၁ ရက်ကစပြီး သွားလာခွင့်ပြုမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

ခရီးသွားပြည်သူများ အနေဖြင့် ဆော – ကျောက်ထု လမ်းပိုင်းအား ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့မှ စတင်ပြီး ဖြတ်သန်း ​သွားလာနိုင်ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါတယ်လို့ တာဝန်ရှိသူများက ထုတ်ပြန်ထားပါတယ်။

ယင်းကားလမ်းပိုင်က စစ်ဘေးရှောင်များကို နေရာပြောင်းရွှေ့ရေးလုပ်ဆောင်မှာမို့ ဆော-ကျောက်ထုကားလမ်းပိုင်းကို ခေတ္တပိတ်ထားတာဖြစ်ပါတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်