ဇူလိုင်လမှစပြီး ချင်းပြည်နယ်မှာ မဲစာရင်းစတင်ကောက်ခံတော့မယ်

ဇူလိုင်လစပြီး ချင်းပြည်နယ်မှာ မဲစာရင်းစတင်ကောက်ခံတော့မယ်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်မှာ ဇူလိုင်လကပြီး မဲစာရင်းစတင်ကောက်ခံတော့မယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲအဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှသတင်းရရှိပါတယ်။

ယင်းမဲစာရင်းကို ထွေအုပ်ဝန်ထမ်းတွေက ကောက်ခံမှာဖြစ်ပြီး ရလာတဲ့ မဲစာရင်းကို လ.ဝ.က ရုံးက စိစစ်ပေးမယ်လို့သိရပါတယ်။

ဦးလင်းကျော်က “ မဲစာရင်းကို ဇူလိုင်လကနေ စက်တင်ဘာလထိ ကောက်သွားမယ်။ ဆန္ဒမဲပေးပိုင်ခွင့်မရှိတဲ့သူတွေလည်းကောက်မယ်။ စာရင်းတွေကို ကျနော်တို့က ကွန်ပျူတာထဲမှာသိမ်းထားမယ်။ နိုင်ငံခြားကိုရွေ့ပြောင်းတဲ့သူတွေကို မှတ်ချက်ထဲမှာမှတ်ထားမယ်။ ရပ်ဝေးကိုကာလကြာသွားနေတဲ့သူတွေကိုလည်း မှတ်ထားမယ်။ သူတို့ကို ဒီမှာမဲပြန်ထည့်ချင်တယ်ဆိုရင် ပုံစံ ၃ နဲ့ပြန်လျှောက်လို့ရအောင်လုပ်မယ်။ အဲ့လိုမလျှောက်တဲ့သူတွေကိုတော့ မဲပေးပိုင်ခွင့်စာရင်းထဲမှာမထည့်တော့ဘူး” လို့ပြောပါတယ်။

Zalen ad

အိမ်ထောင်စုစာရင်းထဲမှာ နာမည်သာရှိပြီး နိုင်ငံခြားသို့ရောက်သွားတဲ့သူတွေကို မိသားစုဝင်တွေကလည်း ပြောပြစေချင်ကြောင်း၊ ဒါမှသာ မဲစာရင်းအတိအကျရရှိနိုင်မယ်လို့ဆိုပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံခြားရောက်သွားတဲ့သူတွေနဲ့ သေဆုံးပြီးသားလူတွေကို ဆန္ဒမဲပေးပိုင်ခွင့်စာရင်းထဲမှာ ၎င်းတို့နာမည်တွေပြန်ပါလာတာကိုတွေ့ရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နှစ်ကုန်ပိုင်း နိုဝင်ဘာလတွင်ကျင်းပမယ်လို့ သတင်များထွက်ပေါ်နေပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်