တမူးနယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ အရပ်သား ၂ဦးသတ်ဖြတ်ခံရ

နိုဝင်ဘာ ၁၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကောင်တပ်က စစ်ကြောင်းထိုးလာလို့ အရပ်သား ၂ဦးသေဆုံးသွားတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များထိန်းချူပ်ထားတဲ့ နမွန်းတား(Lallim) ကျေးရွာကို စစ်ကောင်စီ ပူပေါင်းတပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရာ ပိတ်မိနေတဲ့ အရပ်သား ၂ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Zalen ad

” အရပ်သား ၂ယောက် အသတ်ခံရတာဟုတ်ပါတယ်။ သတ်သွားတာ ရက်ရက်စက်စက်ပါပဲ။ နမွန်းတားမှာအသတ်ခံရတာပါ။ အရင်က လေယာဉ်ဗုံးကြဲလို့ ပျက်ဆီးသွားတဲ့ ဘုရားကျောင်းမှာသတ်သွားတာ” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

အခုလို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားတဲ့ အရပ်သားနှစ်ဦးဟာ တမူးမြို့နယ်၊ ရန်ငြိမ်းအောင်ကျေးရွာသားတစ်ဦးနဲ့ ဘုက္ကန်ကျေးရွာသားဖြစ်တယ်လို့ လည်း သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က ပန်းသာအခြေစိုက် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ကလေး-တမူးလမ်းပေါ်မှာရှိတဲ့ နမွန်းတားကျေးရွာကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားပြီ နှစ်ဘက်အကျအဆုံးရှိနိုင်တယ် လို့လည်းသိရပါတယ်။

သတင်း – အမေ့သား

နောက်ဆုံးရသတင်းများ

ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အဖမ်းအဆီး အလွန်ကြမ်းနေပြီး နေရာအနှံ့ ပေါ်တာဆွဲမှုများပြားလာ

မေ ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လမ်းသွားလမ်းလာ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ၎င်းရဲ့ လက်ပါးစေတွေက အရှိန်မြှင့် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုတွေ အလွန်စိပ်လာနေပြီး ပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်