တမူးနဲ့ ဟုမ္မလင်းမြို့နယ်က အကျဉ်းသား မိသားစု ကလေးတွေအတွက်ကျောင်းသုံးပစ္စည်းတွေလှူဒါန်း

(Unicode Version)

တမူးနဲ့ ဟုမ္မလင်းမြို့နယ်က အကျဉ်းသား မိသားစု ကလေးတွေအတွက်ကျောင်းသုံးပစ္စည်းတွေလှူဒါန်း

မြန်မာနိုင်ငံအကျဉ်းထောင်သာသနာအဖွဲ့က တမူးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ရှိ အကျဉ်းသားမိသားစု ကလေး (၂၀၀)ဆီမှာ ကျောင်းသုံးပစ္စည်းတွေလှူဒါန်းနေပါတယ်။

Zalen ad

တမူးမြို့နယ် မြို့သစ်မြို့မှာ မေလ (၁၂)ရက်စပြီး ကျောင်းသုံးပစ္စည်းတွေပေးလှူနေတာဖြစ်ပြီး ဟုမ္မလင်းမြို့နယ်သို့ဆက်လက်လှူဒါန်သွားမယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအကျဉ်းထောင်သာသနာအဖွဲ့ ဦးဆောင်သူ ဆရာဟွယ်ဆေးက “လှူဒါန်းတဲ့ပစ္စည်းတွေကတော့ ကျောင်း ဖြူစိမ်းဝတ်စုံ၊ ထီး၊ တစ်တန်းနဲ့ နှစ်တန်းတွေကို လွယ်အိတ်၊ ဘောပင်၊ ခဲတံ၊ ကွမ်ပါဘုတ်တွေ လှူထားပါတယ်။ အခုလို အကျဉ်းသားမိသားစုတွေပေးလှူဒါ ခုဆို (၇)နှစ်မြောက်ရှိနေပြီ။ ဘာလို့ သူတို့ကလေးတွေ ပညာရေးအတွက်ပေးလှူရတာက ကျနော်လည်းအရင်က အကျဉ်းကျခဲ့ဖူးတော့ ကျနော့်ကလေးတွေ ပညာရေးမှာ တော်တော်အခက်အခဲတွေဖြစ်ခဲ့တယ်။ ကလေးတွေမိဘတွေကတော့ အများအားဖြစ် မူးယစ်သုံးစွဲနဲ့ ရောင်းချသူတွေဖြစ်တယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ် ပြန်လည်ပတ်နိုင်ရေး ဇိုမီးပါတီနဲ့ ရပ်မိရပ်ဖတွေ ညှိနှိုင်းဆွေးနွေး

မေ ၂၅၊ ၂၀၂၆Zalen စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ အစိုးရရုံးတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်နေတယ်လို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ထုတ်ပြန်ပါတယ်။ လက်ရှိ တွန်းဇံမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ...

ဆက်ဖတ်ရန်