တမူးမြို့အထက်ပိုင်းတွင် ဓားပြတိုက်မှုထပ်မံဖြစ်ပွား

တမူးမြို့အထက်ပိုင်းသို့ကုန်စိမ်းရောင်းချသူများကို မျက်နှာဖုံးစွပ်လူတွေက ယနေ့ သြဂုတ် ၂၂ ရက်မနက် ၄ နာရီခွဲခန့်တွင် ထပ်မံဓားပြတိုက်ခံရပြီး ငွေသားအနည်းငယ်ပါသွားသည်ဟုသိရသည်။

ယနေ့မနက်တွင်တမူးမြို့မှတမူးအထက်ပိုင်းကျေးရွာများသို့ကုန်စိမ်းငါးစိမ်းများလှည့်လည်ရောင်းချရန်ထွက်လာသည့် ဈေးသည် ၃ ဦးသည် တမူးမြို့နယ် ကွန်းတောင်းရွာသစ် နှင့် ချောင်းနက်ကြီးကြား ချောင်းညီနောင်နားတွင် အနက်ရောင်ဝတ်စုံမျက်နှာဖုံးစွပ် ယောက်ျားလေးသုံးယောက်မှဓားမြှောကိုယ်စီဖြင့်ဈေးသည်များကိုတားစီးကာ ဓားပြတိုက်သွားပြီးငွေသား ၆သောင်း ခန့်ပါသွားသည်ဟုသိရသည်။

ထိုနောက် နာရီဝက်ခန့်အကြာတွင် တမူးမြို့ဘက်မှဈေးရောင်းရန်ထပ်ရောက်လာသည့်ဈေးသည်လင်မယားနှစ်ယောက်ကိုလည်းထပ်မံဓားပြတိုက်ရန်ကြိုးစားခဲ့ကြသော်လည်းဈေးသည်လင်မယားနှစ်ယောက်ဆိုင်ကယ်မောင်းပြေးသောကြောင့်လွှတ်မြောက်သွားသည်ဟုဒေသခံတစ်ဦးထံမှသိရသည်။

အခုဓားပြအဖွဲ့သည် သြဂုတ် ၁၇ ရက်နေ့ကဓားပြတိုက်သည့်လူတွေနှင့် ပုံစံရုပ်အနေထားအတူတူဖြစ်သည်ဟုသိရသည်။

Zalen ad

ယင်းကဲ့သို့ ဓားပြတိုက်လုယက်မူတွေဟာတမူးအထက်ပိုင်း မှာ ၄ ကြိမ်မကဖြစ်ပွားခဲပြီးဖြစ်သော်လည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှတစုံအရေးယူဖြေရှင်းပေးမူမရှိသေးပါ။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်