တမူးမြို့တွင် မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ရာ သုံးဦးသေဆုံး

တမူးမြို့တွင် မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ရာ သုံးဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စော်ဘွားအင်းရပ်ကွက် မြို့အဝင် ဒန်ကိုဆီဆိုင်ရှေ့တွင် မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးယာဉ်တို့ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ရာ အခင်းဖြစ်ပွားတဲ့နေရာတွင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့သတင်းရရှိပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ ညနေ (၇)နာရီခွဲခန့်တွင် တမူးမြို့မှ ကလေးမြို့ဘက်သို့ KENBO -125 ဆိုင်ကယ်ကို မောင်နိုင် (ခ)ပေါက်စီကမောင်းနှင်ပြီး နောက်တွင် ကျော်သူ (ခ)ကာသစ်တို့စီးနှင်းလာတဲ့ဆိုင်ကယ်နဲ့ ဝင်းနိုင် (၄၃ နှစ်)မောင်းနှင်လာတဲ့ သုံးဘီးယာဉ်နဲ့နောက်တွင် မျိုးညွှန့် (၃၄ နှစ်) တို့စီးနှင်းတဲ့ယာဉ်တို့ဟာ ဒန်ကိုဆီဆိုင်ရှေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးနဲ့ သုံးဘီးပေါ်မှယာဉ်မောင်းတို့ဟာ အခင်းဖြစ်တဲ့နေရာမှာဒဏ်ရာများဖြင့်သေဆုံးသွားပါတယ်။ သုံးဘီးပေါ်တွင်ပါလာတဲ့ မျိုးညွှန့်မှာ ဝဲဘက်ဂျိုစောင်း နှစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးဖူးရောင်ဒဏ်ရာတို့ရရှိခဲ့ပြီး ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်