တမူး-ကလေး ကားလမ်းပိုင်း ခရီးသည်ယာဉ်စီးခ တစ်ဦးလျှင် ၃သိန်း ကျပ်ထိမြင့်တက်

၁၂၊ မေ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူး-ကလေး ကြားလမ်းအခြေနေကြောင့် ခရီးသည်များ ယာဉ်စီးခ နှုန်းထားဟာ တစ်ဦးလျှင် ၃သိန်း ကျပ်ထိမြင့်တက်နေတယ်လို့သိရပါတယ်။

တမူးကနေ ကလေးမြို့ကို သွားရတာ မလွယ်ဘူး။ ကားခက သုံးသိန်း။ အရေးကြီးရင်သွားရတာပါပဲ။ ပါကျဲဒိုးကားမျိုးက သုံးသိန်း ပေးရတယ်။ အံဆာတုံးကားမျိုးက နှစ်သိန်းခွဲ ပေးရတယ်။ ကလေးအဝင်မှာလည်း စစ်ကောင်စီရဲ့ အစစ်အဆေး ရှိတယ်။ ကပ်တရာလမ်းမဟုတ်တော့ မိုးတွင်းတော့ လွယ်မယ်မထင်ဘူး။ အခုတောင် ကလေးအနောက်ဘက် ချင်းပြည်နယ် အစပ် ကနေ တောင်တက် တောင်ဆင်းနဲ့ လမ်းကကျဉ်း အရင်ကလည်း ကုန်တင်ကား ၂စီးပြုတ်ကျလို့ မဆယ်နိုင်သေးဘူး “လို့ခရီးသည်တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

” စစ်ရေးအခြေနေကြောင့် တမူး-ကလေးလမ်းပိုင်း အာရှလမ်းမကြီး အတိုင်း တမူးမြို့နဲ့ ကလေးမြို့ကို တောက်လျှောက် ဝင်လို့မရလို့ကွင်းလမ်းကနေ ပတ်ပြီးဝင်ရတယ်။ ကွင်းလမ်းကလည်း ကလေးမြို့အနောက်ဘက်ကနေပတ်ဝင်ရတာ ချင်းပြည်နယ်အစပ်ထိဆိုတော့ လမ်းကကြမ်း ကျဉ်းလည်းကျဉ်း အတက်အဆင်းကများ၊ ရာဇဂြိုလ်ကနေ ကလေးမြို့ထိ ၄နာရီကျော် မောင်းရတော့ ကားသမားလည်းပင်ပန်း ခရီးသည်လည်း ပင်ပင်ပန်းပန်းနဲ့ လိုရာခရီးကို အရောက်မောင်းနေရတယ်” လို့ ကားသမားတစ်ဦးကပြောပါတယ်။

တမူး-ကလေး လမ်းပိုင်း ဟာ ၂၀၂၂ကနေ ၂၀၂၃ နှစ်လည်ထိ ခရီးသည် တစ်ဦးလျှင် သုံးသောင်း ကနေ လေးသောင်းထိပဲ ပေးစီးရတာဖြစ်ပြီး ၂၀၂၃ ဇွန်လမှ တဖြည်းဖြည်းထိုးတက်လာခဲ့ရာမှ စစ်ရေးအခြေနေကြောင့် ကွင်းရမယ့်လမ်း ပိုများလာတဲ့တွက် ၂၀၂၄ ယခုနှစ်မှာ ခရီးသည် တစ်ဦးလျှင် ၂၅၀၀၀၀၊ ၃၀၀၀၀၀ ဖြစ်လာတာလို့ ဒေသခံများနဲ့ ကားသမားများထံမှသိရပါတယ်။

တမူး-ကလေး လမ်းပိုင်းဟာ တမူးကနေ အရှေနဲ့အနောက် လမ်းကြောင်းကနေ ပန်းသာ စစ်ကောင်စီ စခန်းကိုကွင်းရတာဖြစ်ပြီး ကလေးနယ်မှာ ရာဇဂြိုလ်ကနေ ကလေးအနောက်ဘက် ချင်းပြည်နယ် အစပ်တောင်ခြေရင်း လမ်းကနေကွင်းရတာကြောင့် ခရီးသွားပြည်သူ၊ အရေးပေါ် လူနာများတွက်သယ်ယူပို့ဆောင်ရန် ခက်‌ခဲမှုတွေ ရှိနေတယ်လို့ ဒေသခံများထံမှသိရပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်